xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားတွင် နေတိုးတပ် မှားယွင်းပစ်ခတ်ပြန်

Thursday, April 7, 2011

လစ်ဗျားတွင် နေတိုးတပ် မှားယွင်းပစ်ခတ်ပြန်

ဒဏ်ရာရရှိသူ သူပုန်တပ်ဖွဲ့များ
 
လစ်ဗျားနိုင်ငံမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့ တွေရဲ့ မှားယွင်း ပစ်ခတ်မှုကြောင့် ဒီကနေ့ (ဧပြီလ ၇ ရက်) မှာ သူပုန်တပ်ဖွဲ့ ၀င် ၁၃ဦးထက်မနည်း သေဆုံးပြီး အရပ်သားများအပါအ၀င် အမြောက်အများ ဒဏ်ရာရရှိခဲ့တယ်လို့ Ajdabiya   မြို့ မှ ဆရာဝန်တစ်ဦးက ဘီဘီစီ သတင်းဌာနကိုပြောကြားလိုက်ပါတယ် ။ဒေါသဖြစ်နေတဲ့သူပုန်တပ်တွေနဲ့ အရပ်သားအမြောက်အများဟာ ဆေးရုံတစ်ဝိုက်မှာ ပြည့်နှက်နေ တယ်လို့လည်းသိရပါတယ် ။

 Ajdabiya မြို့မှ ဆရာဝန်တစ်ဦး

Ajdabiya နဲ့ Brega မြို့ကြားက ကဒါဖီတပ်တွေနဲ့ ရင်ဆိုင်နေတဲ့ နေရာအနီးမှာ စုဝေးရောက်ရှိနေတဲ့ သူပုန်တပ် တွေရဲ့ တင့်ကားတွေ သံချပ်ကာယာဉ်တွေ အခြားလက်နက် တွေတင်ဆောင်ထားတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ ရှိတဲ့နေရာကို နေတိုး လေယာဉ်တစ်စင်းက ဝေဟင်မှမြေပြင်ပစ် ဒုံးလက်နက်တွေနဲ့ ခုလိုမှားယွင်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ် ။
ဒေါသထွက်နေတဲ့ သူပုန်ခေါင်းဆောင်တစ်ဦးက " နေတိုးလို ခေတ်မီစက်ကရိယာတွေ တပ်ဆင်ထားတဲ့ တပ်တွေက ခုလိုမှားယွင်းပစ်ခတ်တယ်ဆိုတာ မယုံနိုင် စရာပါပဲ ဒါ... ဒုတိယအကြိမ်မှာယွင်းပစ်ခတ်တာပါ တကယ်ပဲ မှားယွင်းပစ်ခတ်တာလား ဒါမှမဟုတ် ဒီမှားယွင်းမှုတွေနောက်မှာ လျို့ဝှက် ချက် တစ်ခုခုရှိလား ဆိုတာ စဉ်းစာရတော့မှာပါ " ဟု ပြောကြားသွားခဲ့ပါသည် ။

လွန်ခဲ့သည့် သောကြာနေ့က ခုလိုမှားယွင်းပစ်ခတ်မှုကြောင့် ဆေးကျောင်းသား ၃ ဦးအပါအ၀င် သူပုန် ၁၃ ဦး သေဆုံးသွား ခဲ့ကာ ဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့ပြီး ခုလို ထပ်မံမှားယွင်းပစ်ခတ်ခဲ့တာဖြစ် ပါတယ် ။

Voice Of Myanmar