xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုင်ဗရီကို့စ်တွင် ကုလသမဂ္ဂနှင့်ပြင်သစ်တပ်များက သမ္မတအိမ်တော်ကို ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်

Sunday, April 10, 2011

အိုင်ဗရီကို့စ်တွင် ကုလသမဂ္ဂနှင့်ပြင်သစ်တပ်များက သမ္မတအိမ်တော်ကို ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်

 
အိုင်ဗရီကို့စ်နိုင်ငံတွင် ကုလသမဂ္ဂ နှင့် ပြင်သစ် ပူးပေါင်းတပ်များက သမ္မတ အိမ်တော်ကို ဒီနေ့(ဧပြီလ ၁၀) ရက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ထိုသို့တိုက်ခိုက်မှုများကြောင့် သမ္မတ အိမ်တော် မီးလောင်ပြီးအတော်များများ ပျက်စီးသွားကြောင်း သတင်းရရှိပါတယ် ။

 ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိသမ္မတ သစ္စာခံတပ်တွေဟာ အရပ်သားပစ်မှတ်တွေကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိတာကြောင့် ခုလိုတုန့်ပြန်တိုက်ခိုက်ရတာလို့ စွပ်စွဲပြောကြားလိုက် ပါတယ်။ လက်ရှိသမ္မတ ဂက်ဘိုရဲ့ ပြောခွင့်ရ သူကပြောကြားရာမှာတော့ ကုလတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သမ္မတ အိမ်တော် တစ်စိတ်တစ်ပိုင်းပျက်စီးသွားတယ်လို့ ၀န်ခံပြောဆိုခဲ့ပြီး သမ္မတ ဂက်ဘိုရဲ့ လက်ရှိအခြေအနေကိုတော့ ပြောဆို သွားခြင်းမရှိဘဲသူတို့အနေနဲ့ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်နေတယ် ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပါတယ် ။

စနေနေ့အစောပိုင်းကတော့ လက်ရှိသမ္မတ ဂက်ဘိုရဲ့ တပ်တွေက ကုလတပ်တွေ အကာအကွယ်ပေးထားတဲ့ အတိုက်ခံခေါင်းဆောင် အလက်ဆန် အောက်တရာ နေထိုင်ရာ ဟိုတယ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သတင်းများကဆိုပါတယ် ။


အဘီဂျန် မြို့မှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် မာ့ခ် ဒေါ်ရယ် ကတော့ ရောကက်များအပါဝင် လက်နက်အပြည့်စုံတပ်ဆင် ထားတဲ့ ကုလရဲ့ Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပြင်သစ် ရဟတ်ယာဉ်တွေကို မြင်တွေ့လိုက်ရပြီး မကြာခင်မှာပဲ သမ္မတအိမ်တော်ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ပြောကြားသွားခဲ့ပါတယ် ။

ဒီရက်ပိုင်းအတွင်းမှာပဲ အနောက်အုပ်စုလိုလားသူ အတိုက်အခံခေါင်းဆောင် အလက်ဆန်း အောက်တရာ (Alassane Ouattara) က ရုပ်မြင်သံကြားမှ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာမှာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေအနေ နဲ့ အိုင်ဗရီကို့စ်အပေါ် သမ္မတဂက်ဘိုလက်ထက်က ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေရုပ်သိမ်းပေးဘို့ တောင်ဆိုလိုက်ပြီး အမေရိကန်နဲ့ အီးယူ နိုင်ငံတွေကလည်း လက်ရှိသမ္မတ ပြုတ်ကျပြီး ချိန်တွင် ရုပ်သိမ်းပေးမှာ ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။