xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန် လူ့အခွင့်ရေးအစီရင်ခံစာ တရုတ်ပယ်ချ

Tuesday, April 12, 2011

အမေရိကန် လူ့အခွင့်ရေးအစီရင်ခံစာ တရုတ်ပယ်ချ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်လေ့ ရှိတဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို၂၀၁၁ ခုနှစ်၊ ဧပြီလ() ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။  သောကြာနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကျူဘား၊ ဇင်ဘာဘွေ၊ နိုက်ဂျီးရီးယား၊ လစ်ဗျားစတဲ့ နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်ပုံတွေ အကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
ဒီအစီရင်ခံစာမှာ တရုတ်နိုင်ငံကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး တရုတ် အစိုးရဟာ ရှေ့နေတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စာနယ်ဇင်း သမားတွေနဲ့ ဘလော့ဂါသမားတွေ အပေါ် တင်းတင်းကျပ်ကျပ် ချုပ်ချယ် ထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အင်တာနက်နဲ့ အင်တာနက် အဆက်အသွယ်တွေ အပေါ်မှာလည်း ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ချုပ်ကိုင် လာတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ သူရဲ့မဟာဗျူဟာ အကျိုးစီးပွားကို ချဲ့ထွင်နိုင်ဖို့ အတွက် လူ့အခွင့်အရေးကို နိုင်ငံရေး လက်နက်တစ်ခု သဖွယ် အသုံးပြု နေကြောင်း၊ အခြားနိုင်ငံများကို အမာနပ ပြောဆိုရန် ဝန်လေးခြင်း မရှိကြောင်း တရုတ် အစိုးရက တုံ့ပြန်ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ အကြမ်းဖက်မှုတွေ၊ လူမျိုးရေး ဝါဒတွေနဲ့ ညှင်းပန်း နှိပ်စက်မှု တွေနဲ့ ဝိုင်းရံနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ အဲဒီလို နိုင်ငံက အခြား နိုင်ငံရဲ့ လူ့အခွင့်အရေးကို ဘာမှ ဝေဖန် ပြောဆိုစရာ အကြောင်းမရှိဘူး လို့လည်း တရုတ်အစိုးရက တုံ့ပြန် ပြောဆို လိုက်ကြောင်းသိရပါတယ်။

အမေရိကန် လူ့အခွင့်ရေးအစီရင်ခံစာဟာ တရုတ်အပါအ၀င် နိုင်ငံပေါင်း ၁၉၀ ကျော် ကို ပျက်စီးရာပျက်စီးကြောင်းဖေါ်ပြထားချက် များသာ ဖြစ်ပြီး သူ့နိုင်ငံမှ ဖြစ်နေတဲ့ ပြဿနာ ပေါင်းစုံနဲ့ လူ့အခွင့်အရေးအခြေအနေတွေကိုတော့ အကန်းမျက်လုံး တွေနဲ့ ပြန်ကြည့်ထားတဲ့ အစီရင်ခံစာသာ ဖြစ်ကြောင်း တရုတ်အစီရင်ခံစာက တုန့်ပြန်ထားတယ်လို့  ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ် ။
အစီရင်ခံစာမှာ မြန်မာနိုင်ငံအကြောင်း စာမျက်နှာ (၂၂) မျက်နှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာတော့ ထုံစံအတိုင်းပဲ နှိပ်စက် ညှင်းပန်းမှုတွေ ရှိတယ်၊ ဥပဒေမဲ့ ပြုမူတာတွေ ရှိတယ်၊ အဲဒီအတွက် အုပ်ချုပ်နေတဲ့တပ်မတော်အစိုးရ မှာ တာဝန်ရှိတယ်၊ နယ်စပ် ဒေသတွေမှာ အိုးအိမ်မဲ့ စွန့်ခွါထွက်ပြေး ရတာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေ ဖော်ပြထားပါတယ်။ယခင်နှစ်များကတော့ အမေရိကန် ရဲ့ လူ့အခွင့်ရေးအစီရင်ခံစာဟာ မှန်ကန်တဲ့အချက်အလက်များအပေါ် အခြေခံမှု မရှိပဲ အစိုးရဆန့်ကျင်သူများထံမှ အချက်အလက်များကို အခြေခံ ထားတာမို့ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရမှတရားဝင်  ကန့်ကွက်လေ့ရှိပြီး ဒီနှစ်မှာတော့ ခုလိုကန့်ကွက်မှုမျိုး မတွေ့ရှိရသေးကြောင်း သတင်းရရှိပါသည် ။
Voice Of Myanmar