xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဖရိက ယူနီယံ၏ ငြိမ်းချမ်းရေးအဆိုပြုချက် ဗိုလ်မှူးကြီးကဒါဖီအစိုးရလက်ခံ

Monday, April 11, 2011

အာဖရိက ယူနီယံ၏ ငြိမ်းချမ်းရေးအဆိုပြုချက် ဗိုလ်မှူးကြီးကဒါဖီအစိုးရလက်ခံ

ကဒါဖီနှင့်၎င်းကိုထောက်ခံသူများအား တနင်္ဂနွေနေ့က တွေ့ရစဉ်
 
တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇီးမား ( Mr.Jacob Zuma ) နှင့် အခြား ထိပ်တန်းခေါင်းဆောင် ၃ဦး ပါဝင်သော အာဖရိကယူနီယံ ခေါင်းဆောင်များသည် လစ်ဗျားအရေး ဆွေးနွေးရန် အတွက် လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့သို့ရောက်ရှိနေပြီး ၄င်းတို့၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို ဗိုလ်မှုးကြီး ကဒါဖီ ဦးဆောင်သော အစိုးရက လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းထောက်များအားပြောကြားလိုက်ပါသည် ။

မစ္စတာဇီးမား က " ညီအကိုတော် ခေါင်းဆောင်ကြီး (ဗိုလ်မှုးကြီးကဒါဖီ) ရဲ့ အစိုးရက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို လက်ခံလိုက်ကြပါပြီ " ဟုသတင်းထောက်များနှင့်တွေ့ဆုံ ရာတွင် ပြောကြားလိုက်ပါသည် ။ အဆိုပါအဖွဲ့သည် ယခုအခါ  အတိုက်ခံသူပုန်များနှင့် တွေ့ဆုံရန် ဘင်ဂါဇီ မြို့ သို့ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်းလဲသိရပါတယ် ။

အာဖရိက ယူနီယံက အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံရဲ့ အဓိက အချက်တွေကတော့


- ချက်ချင်း အပစ်အခတ် ရပ်စဲကြရန် 
- လူသားချင်း စာနာတဲ့အကူအညီတွေကို တားဆီးပိတ်ပင်ခြင်း မပြုကြရန်။
- နိုင်ငံခြားသား တွေကို အကာအကွယ်ပေးကြရန် 
- အစိုးရနှင့် သူပုန်များကြား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြရန် 
- နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုများဆိုင်းငံ့ ထားရန်

စတဲ့အချက်တွေပါဝင်ကြောင်းသိရှိရပါတယ် ။အခုလို ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ တနင်္ဂနွေနေ့ တစ်ရက်ထဲမှာပဲ နေတိုးလေယာဉ်တွေဟာ လစ်ဗျားအစိုး ရရဲ့ တင့်ကား ၂၅ စီးကို ဖျက်ဆီးခဲ့တယ်လို့ နေတိုးက ကြေငြာပါတယ် ။

အာဖရိက ယူနီယံရဲ့ အခုလို စေ့စပ် ဆောင်ရွက်မှုကြောင့် ၈ ပတ်ကြာနေပြီဖြစ်တဲ့ လစ်ဗျားနိုင်ငံတွင်းအရေးအခင်း များအဆုံးသတ်ရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း  သို့သော်လည်းအခုလို ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ တနင်္ဂနွေနေ့ တစ်ရက်ထဲ မှာပဲ နေတိုးလေယာဉ်တွေဟာ လစ်ဗျားအစိုး ရရဲ့ တင့်ကား ၂၅ စီးကို ဖျက်ဆီးခဲ့တာ ကိုကြည့်ခြင်းအားဖြင့် အမေရိကန်အပါအ၀င် အနောက်အုပ်စု နိုင်ငံတွေကတော့ ငြိမ်းချမ်းရေးလိုလားပုံမရဘဲ ကဒါဖီ အစိုးရ ပြုတ်ကျရေးကိုသာ တစ်နည်းနည်းနဲ့ ဆောင်ရွက်သွား ဘို့ လိုလားနေဟန်ရှိတယ်လို့ အကဲခတ်များက သုံးသပ်လျက် ရှိကြောင်း သတင်းရရှိပါတယ် ။
Voice Of Myanmar