တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်အောင်လုပ်ဖို့
အထူးလိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက
လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်လိုက်တယ် လို့လဲသိရပါတယ်။
ဒီအစီရင်ခံစာကို ဦးဆောင်တင်သွင်းတဲ့ မစ္စတာလျူဂါက ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ အရေးအခင်းတွေကြောင့် မြောက်ကိုရီးယားနဲ့
မြန်မာကြားက စစ်ရေးဆက်ဆံမှု တွေကို မျက်ခြေပြတ်မသွားသင့်ကြောင်း မြောက်ကိုရီးယားကနေ
မြန်မာအတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးအပ်နေတဲ့လုပ်ရပ်ကို
အသေးစိတ်သိအောင် အထူးအာရုံစိုက်သင့်ကြောင်းမြောက်ကိုရီးယားနိုင်ငံကို နျူကလီယား လက်နက်ဖျက်သိမ်းလာဖို့
အမေရိကန်နိုင်ငံက ပါဝင်ကြိုးစား နေချိန်မှာပဲ မြောက်ကိုရီးယားဘက်က
လက်နက်စမ်းသပ်မှုတွေနဲ့ ထပ်တလဲလဲ ခြိမ်းခြောက်မှုတွေ လုပ်နေကြောင်း၊
ဒီလိုလုပ်နိုင်ဖို့ မြောက်ကိုရီးယား နိုင်ငံအတွက် တခုတည်းသော
ဝင်ငွေရလမ်းဟာ လက်နက်ထုတ်လုပ်ရောင်းချမှု ဖြစ်နေတာမို့ လက်နက်တင်ပို့တဲ့
နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုကို အခုလို သတိပေးနေရတာ
ဖြစ်ကြောင်းလဲ ပြောဆိုသွားပါတယ် ။
ဒီလိုပြောဆိုနေတာဟာ အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ပြီး အစိုးရသစ်နဲ့ ဆက်ဆံရေးတိုးမြှင့် လိုသယောင်ယောင် ပြောဆိုမှုများအပြီး ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတာဖြစ် ပါတယ်။
စစ်ရေးနိုင်ငံရေးသုံးသပ်သူ ဦးကိုကိုအောင်ကတော့" ဒါဘာနဲ့တူသလဲဆိုရင် အရက်သမားက အရက်မသောက်တဲ့လူကို အရက်ဖြတ်ခိုင်းနေတာနဲ့တူတယ် ကမ္ဘာပေါ်မှာ လက်နက်အထုတ်ဆုံး ပြီးရင် လက်နက်အရောင်းဆုံး ကသူ ၊ နောက်ပြီး ကမ္ဘာပေါ်မှာနျူကလီးယား လက်နက် အထုတ်ဆုံးနဲ့ အများဆုံးပိုင်ဆိုင်တာကလဲသူ၊ ပြီးရင် သူများ အချုပ်ခြာပိုင်နိုင်ငံငယ်တွေကို လူ့အခွင့်ရေး ဘာရေးတွေ အကြောင်းအမျိုးမျိုး ပြပြီးဝင်ရောက်စွပ်ဘက်နေတာကလဲသူဘဲ ၊ ကမ္ဘာအနှံ့ တပ်တွေ အများဆုံး ဖြန့်ချထားတာကလဲသူ ကမ္ဘာမှာ စစ်အသုံးစရိတ်အများဆုံးကလဲသူ ၊ ဘယ်လောက်ထိ များလဲဆိုရင် ရုရှား တရုတ် အပါဝင် ကျန်ကမ္ဘာ့နိုင်ငံတွေအကုန်လုံးပေါင်းတဲ့ စစ်အသုံးစရိတ်ထက် သူတစ်နိုင်ငံတည်း သုံးတဲ့စစ်သုံးစရိတ်က ပိုများတယ် ဒီလိုနိုင်ငံက ဘာမှမရှိတဲ့ မြန်မာနိုင်ငံကို ခုလို ပြောဆိုနေတာတွေဟာ တရားလက်လွတ်ပြောဆိုမှုတွေဖြစ်တယ် " ဟုပြောကြားသွားပါသည် ။