xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကဒါဖီအစိုးရ ပြုတ်ကျသည်အထိ နေတိုးဆက်တိုက်မည် ၊ လက်ခံနိုင်တာထက်လွန်လာပြီဟု ရုရှားပြောကြား

Saturday, April 16, 2011

ကဒါဖီအစိုးရ ပြုတ်ကျသည်အထိ နေတိုးဆက်တိုက်မည် ၊ လက်ခံနိုင်တာထက်လွန်လာပြီဟု ရုရှားပြောကြား

 နေတိုးစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ ဘာလင်မြို့တွင်ကျင်းပသော ကဒါဖီပြုတ်ကျရေး အစည်းဝေးတွင် တွေ့ရစဉ်

ကဒါဖီ အာဏာက ဆင်းသွားရတဲ့အထိ နေတိုးမဟာမိတ်တွေက ဆက်လက် တိုက်ခိုက်မယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့က ပြောလိုက်ကြပါတယ်။လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ နေတိုး ညွှန့်ပေါင်းမဟာမိတ်နိုင်ငံတွေ ဆီက လေယာဉ်အကူအညီတွေ ထပ်မံတောင်းခံထားပြီး အဖွဲ့ဝင်နိုင်ငံတွေကလည်း သဘောတူထားတယ်လို့ သတင်းရရှိပါတယ်။
မနေ့တုန်းက ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ နေတိုးအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲတခု လုပ်ခဲ့ကြပြီး အဲဒီမှာနေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အဲန်ဒါစ် ဖေါ့ခ်ျ ရပ်စ်မူဆန် (Anders Fogh Rasmussen) သတင်းထောက်တွေကို ပြောကြားရာမှာ အကူအညီတွေဟာ သိပ်မကြာခင်မှာပဲ ရောက်လာတော့မယ်လို့ ဆိုပါတယ်။
လစ်ဗျားက မြေပြင်ပစ်မှတ်တွေကို တိုးမြင့်ပြီး တိုက်ခိုက်ဖို့ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တဲ့  လေယာဉ်တွေ ပိုရနိုင်ရေး ဗြိတိန်နဲ့ပြင်သစ်တို့က မဟာမိတ်နိုင်ငံတွေ ကို တောင်းဆိုထားပါတယ်။

ရုရှားကတော့ နေတိုးရဲ့ လုပ်ဆောင်မှုတွေက လစ်ဗျား အရပ်သူအရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆိုတာထက် လွန်နေပြီလို့ မနေ့တုန်းက သတိပေးပါတယ်။ နေတိုးတပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေဟာ လက်ခံနိုင်တဲ့အဆင့်ထက် လွန်နေပြီ ဆိုပြီးလည်း ရုရှားက ကန့်ကွက် လိုက်ပါတယ် ။
အိုင်ဗရီကို့စ်မှာ ကုလငြိမ်းချမ်းရေးတပ် အမည်ခံထားတဲ့ နေတိုးစစ်အုပ်စုရဲ့ ဘက်လိုက်မှုတွေကို ရုရှားသမ္မတက ကန့်ကွက်လိုက်ပြီး ဆက်တိုက်ဆိုသလို အခုလို ကန့်ကွက်မှုမျိုး ပေါ်လာတာ လည်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခေါင်းဆောင်မှုအပေါ် အလေးအနက်မေးခွန်းထုတ်စရာတွေရှိလာနေပြီလို့ ရုရှားသမ္မတက ပြောကြားထားပါတယ်။
(ဆင်ဟွာ,VOA,CNN)
Voice Of Myanmar