xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျပန်တွင် အင်အားပြင်း မြေငလျင် တစ်ခု ထပ်မံလှုပ်

Thursday, April 7, 2011

ဂျပန်တွင် အင်အားပြင်း မြေငလျင် တစ်ခု ထပ်မံလှုပ်

 
ဒီကနေ့ဂျပန်စံတော်ချိန် ၂၃၃၂ ( GMT 1432) အချိန်တွင် မတ်လ ၁၁ ရက်နေ့ကလှုပ်ခဲ့သော နေရာနှင့် နေရာနှင့် သိပ်မဝေးသောနေရာ ဖူကူရှိးမား ၏ မြောက်ဘက် ၇၈ မိုင် (၁၁၈ ကီလိုမီတာ) အကွာ ပင်လယ်ပြင်ကိုဗဟို ပြု၍ ပြင်းအား ၇.၁ မဂ္ဂနီကျူ့ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခဲ့ကြောင်း သတင်းရရှိပါသည် ။
ငလျင်ဒဏ်ကို တိုကျိုမြို့အထိ ခံစားခဲ့ရပြီး လူတွေ အထိတ်တလန့် ဖြစ်ခဲ့ပေမဲ့ ဖရိုဖရဲ အခြေအနေမှာ မရှိဘူးလို့ လည်းသိရပါတယ် ။
 
 
ငလျင်ဖြစ်ပွားပြီးနောက်ဆက်တွဲ ဆူနာမီဖြစ်ပေါ်နိုင်ကြောင်း ဆူနာမီ လှိုင်းလုံးများမှာ ၁ မီတာမှ ၂ မီတာခန့် အထိရှိနိုင် ကြောင်း သတိပေးချက်များထုတ်ပြန် ထားရှိကြောင်းသတင်းရရှိပါတယ်။

USGS ခေါ်အမေရိကန်ဘူမိဗေဒ တိုင်းတာရေ.ဌာန၏ ကနဦးသတင်းထုတ်ပြန်ချက်တွင် ယနေ့ဖြစ်ပေါ်ခဲ့သော ငလျင် ပြင်းအားကို ၇.၄ ဟုဖေါ်ပြခဲ့ပြီး နောက်ပိုင်းတွင် ၇.၁ ဟု ပြင်ဆင်ဖေါ်ပြခဲ့ကြောင်း လည်းသိရပါတယ် ။
Voice Of Myanmar