xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကဒါဖီ၏သားအငယ်ဆုံးနှင့် မြေးငယ် ၃ဦးသေဆုံး

Saturday, April 30, 2011

နေတိုးစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကဒါဖီ၏သားအငယ်ဆုံးနှင့် မြေးငယ် ၃ဦးသေဆုံး

နေတိုးစစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် ကဒါဖီနေအိမ်ပျက်စီးသွားစဉ်


နေတိုးစစ်အုပ်စု့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ကဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးခဲ့ပြီး မိုမာကဒါဖီကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုလို ကဒါဖီသားတဦးနဲ့ မြေးသုံးဦးသေဆုံးတယ်ဆိုတာ လစ်ဗျားအစိုးရပြောခွင့်ရသူ မူဆာ အီဗရာဟင်က အတည်ပြုကြေညာခဲ့ပါတယ်။(အောက်ပုံ)



အသက် ၂၉နှစ်အရွယ် ဆာရီ အယ် အာရဗ် ကဒါဖီ နဲ့ကဒါဖီရဲ့မြေးတွေဟာလစ်ဗျားခေါင်းဆောင်ကဒါဖီကို နေတိုးတပ်ဖွဲ့က လုပ်ကြံတိုက်ခိုက်မှု အတွင်းမှာ သေဆုံးသွားရတယ်လို့ သူက ပြောပါတယ်။မစ္စတာကဒါဖီနဲ့ သူ့ဇနီးဖြစ်သူဟာ အဲဒီအချိန် သူ့သားနေအိမ်မှာရှိနေပေမယ့် ထိခိုက်ဒဏ်ရာမှု မရှိဘူးလို့ ပြောပါတယ်။ အိမ်ကတော့ အတော်လေး ပျက်စီးသွားကြောင်းလဲ ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

  ဒီတိုက်ခိုက်မှုတွေဟာ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီက နေတိုးတပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး နောက်တနေ့ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေဟာ လစ်ဗျားခေါင်းဆောင်ကို အသက်ဆုံးရှုံးအောင်တမင်တိုက်ခိုက်နေမှုများသာဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံရေး တရားမျှတမှုဆိုတာတွေဟာ ဘာဆိုဘာမှကို မရှိတော့ပါဘူး ဟု လစ်ဗျားတာဝန်ရှိသူတွေကပြောပါတယ်။


စနေနေ့မနက် ဒေသစံတော်ချိန် ၈နာရီမှာ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်မှူးကြီးကဒါဖီရဲ့ နေအိမ်ကို ဒုံးပျံ ၃ စင်းထိမှန်ခဲ့ကာ နှစ်လုံးပေါက်ကွဲပြီး တစ်လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ဆိုပါတယ် ။ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဗိုလ်မှူးကြီးကဒါဖီကို ထောက်ခံသူအမြောက်အများဟာ မြို့တော်ထရီပိုလီရဲ့ လမ်းမတွေပေါ်မှာ နေတိုးရဲ့ ခုလိုတိုက်ခိုက်မှုတွေကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြပေမယ့် ဒီဆန္ဒပြမှုသတင်းတွေကိုတော့ အနောက်အုပ်စု မီဒီယာတွေမှာ ဖေါ်ပြခွင့် မရကြောင်းလဲသိရှိရပါတယ်။

Voice Of Myanmar