အဓိကဇာတ်ဝင်ခန်းများကို ထိုင်းမြန်မာနယ်စပ် တွင်ရိုက်ကူး ထားပြီး မြန်မာအစိုးရတပ်ဖွဲ့များနှင့် နယ်စပ်နေတိုင်းရင်းသား တို့ ကြား လူစွမ်းကောင်းလုပ်ကာကယ်တင်ရှင်ဆန်ဆန် ဖန်တီး ရိုက်ကူးထားသော The Burma Conspiracy (2011) Largo Winch II အမည်ရှိဇာတ်ကားတစ်ကား ဘယ်လဂျီယံ ၊ ပြင်သစ် စသောနိုင်ငံများတွင် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ စတင်ကာရုံတင်ပြသလျက်ရှိပြီး ရုရှား ၊ ဘီလာရုစ် ၊ကာဂျစ်စတန် နိုင်ငံများတွင် မူ မတ်လ (၁၀) ရက်မှစတင် ပြသခဲ့ကြောင်းသတင်းရရှိပါသည်။
ဒီဇာတ်ကားကိုကြည့်ပြီးတဲ့ မြန်မာလူငယ်တစ်ဦးကတော့ " ဇာတ်ကားနာမည်မှာ ကိုယ့်နိုင်ငံနာမည် ပါနေလို့ ဘာများလဲဆိုပြီးသွားကြည့်တာ မြန်မာစကားပြောခန်းတစ်ခန်းတောင်မပါဘူး ထိုင်းလိုတွေပြောနေတယ် နောက်ပြီးနယ်စပ်နေဒေသခံတွေကို တော်တော်လေး နှိမ့်ချပြီး ရိုက်ထားတာတွေ့ရတယ် နောက်ပြီး ဒီထဲမှာပါတဲ့ မြန်မာဗိုလ်မှူးကြီး တစ်ဦး ရဲ့အဆင့်တံဆိပ်တွေကလည်း မှားနေတယ်ထင်တာပဲ မြန်မာအဖြစ်သရုပ်ဆောင်သူတွေကလည်း အားလုံးထိုင်းတွေပါပဲ တချို့ နောက်ခံတွေမှာတော့ မြန်မာစာလုံးလေးတွေ နည်းနည်းပါတယ် " ဟု ပြောကြားသွားပါသည် ။
"ဘာမှထူးထူးခြားခြားတော့မဟုတ်ပါဘူး နိုင်ငံရေးတွေဘာတွေပါဟန်မတူပါဘူး ကျွန်တော်တို့ငယ်ငယ်က ဒီလို အက်ရှင်ကားတွေဆို ဗီယက်နမ်စစ် နောက်ခံတွေနဲ့ကြည့်ရတယ် နောက်ပိုင်း အီရတ်စစ်မြေပြင် နောက်ခံ တွေပေါ့ ခု ဒီနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက နိုင်ငံရေးအရ အဆင်ပြေနေတော့ အဆင်မပြေတဲ့ ကျွန်တော်တို့ နိုင်ငံကို နောက်ခံထားပြီးလာရိုက်တဲ့သဘောပေါ့ဗျာ" ဟု အနောက်တိုင်း အက်ရှင်ရုပ်ရှင်တွေကို ဆက်တိုက် ကြည့်ရှု ခဲ့သူ ကိုကောင်းမြတ်က သုံးသပ်ပြောကြားပါသည် ။
အဆိုပါဇာတ်ကားတွင် Largo Winch အဖြစ် မင်းသား Tomer Sisley ၊ Diane Francken အဖြစ် နာမည်ကျော် မင်းသမီး Sharon Stone ၊ မြန်မာမလေး Ma Lunai အဖြစ် ထိုင်းသရုပ်ဆောင် Napakpapha Nakprasittle တို့ကပါဝင်သရုပ်ဆောင်ထားကြောင်းသိရှိရပါတယ် ။
ဒီဇာတ်ကား ထိုင်းမြန်မာနယ်စပ်မှာ ရိုက်ကူးစဉ်က ရိုက်ကွင်းအချို့ကို Voice Of Myanmar ပရိတ်သတ် ကြီး လေ့လာ ကြည့်ရှု နိုင်ပါရန် တင်ပြအပ်ပါသည် ။