xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ယနေ့ သတင်းဓါတ်ပုံများ ( ၂၄ - ၄ - ၂၀၁၁ )

Monday, April 25, 2011

ယနေ့ သတင်းဓါတ်ပုံများ ( ၂၄ - ၄ - ၂၀၁၁ )

တူရကီနိုင်ငံ Canakkale တွင်ကျင်းပသည့် အော်တိုမင်အင်ပါယာမှ လွတ်မြောက်ခြင်း ၉၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းနားတွင် စစ်သည်တော်များ  မိုဘိုင်းဖုန်းများဖြင့် အမှတ်တရ ဓါတ်ပုံရိုက်နေကြစဉ်



 ခရစ်ယာန်ဘာသာဝင်များ သက်ဝင်ယုံကြည်ရာ ရှင်သန်ထမြောက်ခြင်းအထိမ်းမှတ် အီစတာပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပလျက်ရှိရာ ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ဘာသာဝင်များ စုဝေးရောက်ရှိနေကြပြီး ပုံတွင် ဂျေရုဆလင် မြို့ဟောင်းရှိ ဘုရားရှိခိုးကျောင်းအတွင်း ခရစ်ယာန်ဘာသာဝင်တစ်ဦး ၀တ်ပြုဆုတောင်းနေစဉ်။



၁၉၈၆ ခုနှစ်ကဖြစ်ပွားခဲ့သော ချာနိုလ်ဘိုင်း နျူကလီးယား ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများအထိမ်းအမှတ် မှတ်တိုင်တစ်ခုအား ၀မ်းနည်းစွာ ဖတ်ရှုနေသူတစ်ဦးကို တွေ့ရစဉ်
(ထိုစက်ရုံသည် ၁၉၈၆ ဧပြီလ ၂၆ ရက်တွင်ပေါက်ကွဲခဲ့သည်)