xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တန်ခိုးရှင်အဖြစ်ကျော်ကြားသူ ဆိုင်းဘာဘာကွယ်လွန်

Monday, April 25, 2011

တန်ခိုးရှင်အဖြစ်ကျော်ကြားသူ ဆိုင်းဘာဘာကွယ်လွန်

ဆိုင်းဘာဘာ


အိန္ဒိယနိုင်ငံ၊ အန်ဒရာ ပရာဒက်ရှ် (Andra Pradesh) ပြည်နယ်က တန်ခိုးရှင်အဖြစ် ကျော်ကြားတဲ့ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်းဘာဘာဟာ တနင်္ဂနွေနေ့မှာ သူ့ကျောင်းဝင်းနားက ဆေးရုံမှာ ကွယ်လွန် သွားခဲ့ကြောင်းသတင်းရရှိပါတယ် ။


ဆိုင်းဘာဘာ၏နောက်ဆုံးအချိန်များ


ကမ္ဘာတ၀ှမ်းမှ ကြည်ညိုသူတွေက ဘုရားတဆူလို ကိုးကွယ်ကြတဲ့ ဆိုင်းဘာဘာဟာ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေ အလုပ်ကောင်းကောင်း မလုပ်တော့တဲ့အတွက် သူနေထိုင်ရာ ပွတ္တာပါတီ (Puttaparti) ရွာက ဆေးရုံကို တင်ထားခဲ့တာ သီတင်းပတ်ပေါင်းများစွာ ကြာခဲ့ပြီး တနင်္ဂနွေနေ့မှာကွယ်လွန်သွားတာဖြစ်ပါတယ်။

ဆံပင်ပွပွ၊ သင်္ကန်းရောင်ဝတ်စုံနဲ့ ဆိုင်းဘာဘာကို ချစ်ကြည်ညိုသူတွေဟာ ပွတ္တာပါတီကို လာရောက် ဂါရ၀ပြုကြပါတယ်။ ဒီအထဲမှာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးနဲ့ နာမည်ကြီး အားကစားသမားတွေလည်း ပါဝင်ကြောင်းလဲသိရပါတယ် ။

အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကတော့ ဟိန္ဒူဘုန်းတော်ကြီး ဆိုင်းဘာဘာကို သန်းနဲ့ချီတဲ့ လူထုက ယုံကြည်ကိုးစားကြပြီး အဓိပ္ပာယ်ရှိတဲ့ ဘ၀ကို တန်ဖိုးရှိရှိ အသုံးချဖို့ ဦးဆောင်ခဲ့သူတဦး အခုလို ဆုံးပါးသွားတာမို့ တနိုင်ငံလုံးက ယူကြုံးမရ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
 

ဆိုင်းဘာဘာရုပ်အလောင်းနှင့် လာရောက်ဂါရ၀ပြုကြသူများ


သူ့ရဲ့ဈာပဏကို ၄ ရက်ကြာကျင်းပမှာဖြစ်ပြီး အများအပြားလာရောက်ကြမယ့် လူထုပရိတ် သတ်ကြီးအတွက် လုံခြုံရေးအစီအမံများအထူးဆောင်ရွက်လျှက်ရှိကြောင်း  အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ၀န်ကြီးများအဖွဲ့ ဥက္ကဋ္ဌ အန်န် ကီရန် ကူမာ ရက်ဒီ (N. Kiran Kumar Reddy) က ပြောကြားကြောင်းသတင်းရရှိပါတယ်။