xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုင်ဗရီကို့စ်သမ္မတ လောရင့် ဂက်ဘို အဖမ်းခံရ

Monday, April 11, 2011

အိုင်ဗရီကို့စ်သမ္မတ လောရင့် ဂက်ဘို အဖမ်းခံရ

သမ္မတ ဂက်ဘိုအား အဖမ်းခံရပြီးနောက် တွေ့ရစဉ်
 
အိုင်ဗရီကို့စ်သမ္မတ လောရင့် ဂက်ဘိုဟာ အတိုက်ခံခေါင်းဆောင် အလက်ဆန်း အောက်တရာ သစ္စာခံတပ်တွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်အမည်ခံ ပြင်သစ်တပ်တွေရဲ့  တင့်ကားများ ဒုံးကျဉ်များတပ် ဆင်ထားသော ရဟတ်ယာဉ်များနဲ့ တိုက်ခိုက်မှုများအတွင်း အဖမ်းခံခဲ့ ရတယ်လို့ နောက်ဆုံးရရှိတဲ့သတင်းများ အရသိရှိရပါတယ် ။ 
 
ယခုအခါ သမ္မတ ဂက်ဘိုဟာ အတိုက်ခံခေါင်းဆောင် အက်လက်ဆန် အောက်ထရာ ရုံးစိုက်ရာ Golf Hotel မှာ သူ့ရဲ့ဇနီး သားဖြစ်သူ မိုက်ကယ်နဲ့အတူ ရှိနေကြောင်း အတိုက်ခေါင်းဆောင်ရဲ့ ပြောခွင့်ရသူ Anne Ouloto က AFP သတင်းဋ္ဌာနကို အတည်ပြုပြောဆိုခဲ့ပါတယ် ။ဒီဟော်တယ်ဟာ နှစ်ဘက်ပဋိပက္ခ များဖြစ်ပွားချိန်မှစ၍ ကုလသမဂ္ဂ တပ်များက လုံခြုံရေး အကာအကွယ်ပေးထားတဲ့ နေရာလည်းဖြစ်ပါတယ် ။

အမည်မဖေါ်လိုတဲ့ ပြင်သစ်အစိုးရတာဝန်ရှိသူတစ်ဦးကတော့ သမ္မတ ဂက်ဘိုကို ဖမ်းဆီးရာမှာ ပြင်သစ်တပ်တွေ အိမ်တော်ထဲထိ ၀င်ရောက်ရာမှာ မပါဝင်ခဲ့ဘူးလို့ပြောဆိုသွားပါတယ် ။
ပြင်သစ်နဲ့ အတိုက်အခံခေါင်း ဆောင်သစ္စာခံတပ်တွေဟာ ဒီကနေ့မနက်စောစော ပိုင်းကတည်းက လက်ရှိသမ္မတ သစ္စာခံတပ်တွေရှိမယ်လို့ ယူဆရတဲ့နေရာအနှံ့ အပြားကို တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၊ တင့်ကားများ ၊ လက်နက်ကြီးများအသုံးပြုပြီး တိုက်ခိုက်နေခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အရပ်သားအများအပြား သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ် " နှစ်ဘက်တပ်တွေ အကုန်လုံးဟာ အရပ်ဘက် အဆောက်ဦတွေထဲမှာ နေပြီးတော့ အပြန်အလှန်ပစ်နေကြတာပါ ဒီလို အပြန်အလှန် ပစ်တဲ့နေရာမှာ သမ္မတ ဂက်ဘိုရဲ့တပ်ဖွဲ့တွေပဲ ရွေးထိသွားတယ်ဆိုတာကတော့ သိပ်ပြီးရုပ်ရှင်ဆန်တဲ့ အတွေးတွေ သတင်းတွေပါ ..သမ္မတ ဂက်ဘိုတပ်တွေရော အတိုက်ခံတပ်တွေရော ပြည်သူတွေရော သေပါတယ်..အားလုံးဟာ အိုင်ဗရီကို့စ် နိုင်ငံသားတွေချည်းပါပဲ "ဟု ပြောကြားသွားခဲ့ပါသည်။
Voice Of Myanmar