xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်တပ်သား ၀ီကီလိခ်သို့ သတင်းပေးဟုစွပ်စွဲခံရ လူ့အခွင့်ရေးချိုးဖေါက်စစ်ကြောမှုများရှိနေဟုသိရ

Monday, April 25, 2011

အမေရိကန်တပ်သား ၀ီကီလိခ်သို့ သတင်းပေးဟုစွပ်စွဲခံရ လူ့အခွင့်ရေးချိုးဖေါက်စစ်ကြောမှုများရှိနေဟုသိရ

နာမည်ကျော် လျှို့ဝှက် သတင်းများ ဖွင့်ချသည့် Wikileaks သို့ သတင်း ပေါက်ကြား စေသူဟု စွပ်စွဲကာ ဖမ်းဆီး ထိန်းသိမ်းထားသော အမေရိကန်တပ်ဖွဲ့ ဝင်တစ်ဦးကို ဆက်ဆံပြုမူပုံနှင့် ပတ်သက်၍ ဝေဖန်မှုများ ခံထားရသော အိုဘားမား အစိုးရသည်  အဆိုပါတပ်သား ဘရက်ဒလီမန် နင်းကို ဗာဂျီးနီးယား ပြည်နယ် ကွမ်တီကို ဒေသ ရေတပ်စစ် စခန်းတစ်ခုတွင် ထိန်းသိမ်းထားရာမှ ကန်ဆက်စစ်အခြေစိုက် ဖော့လီဗန်ဝေါ့ရှိထောင်သို့ ရွှေ့လိုက်ကြောင်း ပင်တဂွန် အထွေထွေ ကောင်စီမှ အရာရှိ ဂျက်ဂျွန်ဆင်ကပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းကဖေါ်ပြလိုက်ပါသည်။
ဘရက်ဒလီမန်နင်းကို အရေးကြီး သော သံတမန်ရေးနှင့် စစ်ရေးအချက် အလက်များ ပေါက်ကြားစေခြင်း မသင်္ကာ မှုဖြင့် ထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်သည်။  အသက် ၂၃ နှစ်အရွယ် အဆိုပါ တပ်သားကို လူ့အခွင့်အရေးချိုးဖောက် စစ်ကြောမှုများရှိနေကြောင်း ၎င်း၏ ရှေ့နေများက ကန့်ကွက်ထားသည်။ အခန်းကျဉ်းလေးထဲတွင် ပိတ်လှောင်ထား ခြင်း၊ အဝတ်အစား မပါဘဲအိပ်စေခြင်း၊ မကြာခဏ လာနှိုးခြင်းများရှိကြောင်း ရှေ့နေများက ဆိုသည်။ ယင်းကဲ့သို့ အကြိမ်အနည်းငယ်သာ လုပ်ခဲ့ကြောင်း ပင်တဂွန်က ၀န်ခံပြောဆိုထားသည်။


မန်နင်းကို ကောင်းမွန်စွာ ဆက်ဆံရန် သမ္မတ အိုဘားမားက စစ်တပ်ကို ဖျောင်းဖျ ပြောဆိုထားသည် ဟုဆိုသည်မှာ လူကြားကောင်းအောင် ပြောဆိုမှု များသာဖြစ်ကြောင်း ရှေ့နေများက ပြောကြား လိုက်ပါသည် ။ မန်နင်းကို မည်သည့် အချိန်စတင်၍ ရုံးတင်စစ်ဆေးမည်ကိုမူ ယခုအချိန်ထိ အတည်ပြု မပြောကြားသေးပေ။