xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာအတိုက်အခံများနှင့် ထူးဆန်းသောအတွေးအခေါ်

Friday, April 29, 2011

မြန်မာအတိုက်အခံများနှင့် ထူးဆန်းသောအတွေးအခေါ်


ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး သတင်းများတွင် လက်ရှိအစိုးရ၏ သမ္မတကြီးဖြစ်သူ ဦးသိန်းစိန်က အဖွဲ့ဝင် ၉ ဦးပါ အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့သည့် သတင်းသည်လည်း တစ်ခု အပါအ၀င်ဖြစ်လေသည်။ ထိုအဖွဲ့တွင် စီးပွားရေး ၊ နိုင်ငံရေး ၊ ဥပဒေ အကြံပေးဟူ၍ အဖွဲ့ ၃ဖွဲ့ရှိပြီး စီးပွားရေး အကြံပေးအဖွဲ့ကို ဒေါက်တာဦးမြင့် က၄င်း ၊ နိုင်ငံရေးအကြံပေးအဖွဲ့ကို ဦးကိုကိုလှိုင် ကလည်း ၊ ဥပဒေအကြံပေး အဖွဲ့ကို ရဲမှုးကြီးဟောင်း ဦးစစ်အေးမှ ၄င်း တာဝန်ယူသွားမည်ဖြစ်ကြောင်းတို့ကိုလည်း သတင်းများအရသိရပါသည် ။

သာမန်အားဖြင့် ထိုသတင်းသည် အပြုသဘောဆောင်သော သတင်းမျှသာဖြစ်လေသည် ၊ သမ္မတသည် နိုင်ငံတော်အတွက် အရေးကြီးသော မူဝါဒများ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပညာရှင်များ အပြင် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အထူးကျွမ်းကျင်ကြသော ပညာရှင်များထံမှ အကြံဥာဏ်များရယူကာ ဆောင်ရွက်သွားတော့မည် ။ ကောင်းသည် ကြိုဆိုကြသည်ပေါ့ ။

သို့ရာတွင် မြန်မာအတိုက်အခံတို့သည် ထူးဆန်းသော အတွေးအခေါ်ပညာရှင်များဖြစ်ကြလေသည် ဤသတင်းကို ကြားရလေသောအခါ ၊ အကြံပေးဆိုတာရုပ်ပြသက်သက်သာဖြစ်ကြောင်း သူတို့လုပ်ချင်တာလုပ်မှာဖြစ်ကြောင်း ၊ ဒီအဖွဲ့ဟာ အသုံးချခံအဖွဲ့သာ ဖြစ်မှာဖြစ်ကြောင်း ကြံဖန်၍ အပြစ်တင်ကြလေသည် ။ ထိုသို့အပြစ်တင်သည့်အလုပ်မှာ သူတို့အလုပ်ဖြစ်သဖြင့် ဘာမှ ထွေထွေထူးထူး  ပြောဆိုစရာမရှိသော်လည်း ထိုအဖွဲ့တွင်ဦးဆောင်ပါဝင်သော ဒေါက်တာ ဦးမြင့်ဆိုသူမှာ ဒေါ်စုကြည်နှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း ထိုသူအား အကြံပေးခန့်ထားခြင်းမှာ ဒေါ်စုကြည်ထံမှ အကြံဥာဏ်များကို သွယ်ဝိုက်ရယူလို၍သာ ဖြစ်ကြောင်း ပြောဆိုလာသောအခါတွင်မူ ကျွနိုပ် အနေဖြင့် ပြောစရာ ရှိလာလေတော့သည်။ကြံဖန်ပြီးတွေးတတ်တောတတ်သူများပါပေတကားဟု မှတ်ချက်ပြုမိပါသည်။

လက်ရှိသမ္မတကြီးသည် နှစ်ပေါင်းများစွာတပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့သည် ။ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။ဗိုလ်ချုပ်ကြီးအဆင့်သို့ကျော်ခွရောက်လာသူမဟုတ် အရာရှိငယ်ဘ၀မှ တပ်စုမှူး ၊တပ်ခွဲမှူး ၊ တပ်ရင်းမှူး အဆင့်မှသည် တိုင်းမှူး ၊စစ်ရေးချုပ် အစရှိသည်ဖြင့် လူအမြောက်အများကို အုပ်ချုပ်ခဲ့ဘူး ၊ စီမံခန့်ခွဲဘူးသည့် အတွေ့အကြုံ ရှိခဲ့သည်၊ကိုယ်တိုင်လဲသူများအုပ်ချုပ်တာခံခဲ့ဘူးသည်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပါအ၀င် တပ်မတော်တွင် ဖွင့်လှစ်ခဲ့သော စစ်ဘက်ဆိုင်ရာ ၊စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း အမြောက်အများ ကိုတက်ရောက်အောင်မြင်ခဲ့သည် ။ နိုင်ငံတော်အဆင့်တွင် ၀န်ကြီးချုပ်အထိ တာဝန်ယူဆောင် ရွက်ခဲ့ဘူးသူ ဖြစ်လေသည် ။ဆိုလိုသည်မှာနိုင်ငံရေး စစ်ရေး စီးပွားရေး စီမံခန့်ခွဲမှုအတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်  သည်ဟုဆိုလိုချင်ပါသည်။


ထိုသို့သောပုဂ္ဂိုလ်ကို အကြံဥာဏ်ပေးမည်ဆိုသော အကြံပေးများသည် မိမိတို့ကျွမ်းကျင်ရာ ဘာသာရပ်အသီးသီးတွင် အထူးပေါက်မြောက် ကျွမ်းကျင်ကြသူများ အတွေ့အကြုံအရာတွင် ရင့်ကျက်ကြသူများ ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အခြေခံစဉ်းစား တွေးခေါ်နိုင်စွမ်းသူများ ၊လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များအပေါ်တွင် အပြုသဘောရှုမြင်ကာ အကောင်း ဆုံးဖြစ်အောင်တွေးခေါ်နိုင်စွမ်းသူများ ဖြစ်ရန်လိုအပ်လှပေသည် ။ သမ္မတကြီးအနေဖြင့်လည်း ထိုသို့သောသူများကိုသာ ရွေးချယ်ခန့်ထားမည်သာဖြစ်လေသည် ။

ဒေါ်စုကြည်သည် ထိုသို့သောအခြေခံရှိသူတစ်ယောက်အဖြစ် မြင်၍ မရသေးပါ ထိုသို့သောအခြေခံ အရာတွင် အလွန်ပင်အားနည်းသူတစ်ဦးအဖြစ် မြင်ပါသည်။ ထိုသို့ပြောခြင်းမှာအရမ်းကာရော ဒေါ်စုကြည်ကို မကောင်းပြောရပြီးရော ပြောနေခြင်းမဟုတ်ပါ ။ သူ၏လုပ်ဆောင်ချက်များကိုကြည့်၍ သုံးသပ်၍ ပြောဆိုခြင်းဖြစ်ပါသည်။ အောက်ပါဓါတ်ပုံများကိုကြည့်ပါ ။
 

ဒါ ဒေါ်စုကြည်ရဲ့ဦးဆောင်မှုအောက်က အမေ့အိမ်ဆိုတဲ့ စာသင်ကျောင်းလေးပါ ဒီလိုကျောင်းလေးဖြစ်ဘို့ ပညာတွေအများကြီးတတ်ဘို့ အတွေးအခေါ်တွေ အများကြီးရှိဘို့ နိုင်ငံတကာ အတွေ့အကြုံတွေ အများကြီးရှိဘို့လိုမယ်ထင်ပါသလား ၊ ဒီကျောင်းလောက်လေးထောင်နိုင်တဲ့ အတွေးအခေါ်ရှိသူထံက သမ္မတကြီးက အကြံဥာဏ်တွေသွယ်ဝိုက် ယူရမယ်တဲ့လား...


ဒါကဒေါ်စုကြည်ရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ နိုင်ငံရေးတိုက်ကွက်တစ်ခုလုပ်ထားတဲ့တောင်ဒဂုံက HIV ဝေဒနာသည်တွေကို ကယ်ဆယ်နေတဲ့ဂေဟာဆိုတဲ့နေရာပါ  ကုလသမဂ္ဂက ပေးမယ့်ကမ်းမယ့်သူကို မျက်နှာချိုသွေးပြီး ပြတဲ့အချိန်မှာတောက် ဒီလောက်သေးနုတ်နေရင် ကျန်တဲ့သာမန်အချိန်ဆို စဉ်းစားသာကြည့်ပေတော့ HIV ဝေဒနာသည်တွေ မူလရောဂါနဲ့မသေပဲ ညစ်ပတ်တာနဲပတင် သေရမယ့် သဘောပါ...ဒီလိုတော်တဲ့ ဒေါ်စုဆီက လက်ရှိသမ္မတက အကြံဥာဏ်တွေ ယူရမယ်တဲ့လား


ဒေါ်စုကြည်ရဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ပုံပါ
နောက်ခံကလည်း ဒီအနီတစ်ချပ်ပေါ်မှာ အထပ်ထပ်ရေးထားတာ စုတ်ပြတ်နေတာပါဘဲ ဒေါ်စုကြည် အင်္ကျီကလဲကြေမွ ပြီး ဆံပင်ကလည်း မသပ်မရပ်နဲ့တက်ပြောနေတာပါ 
ကိုယ့်ဌာနချုပ်ရုံးလေးကိုတောင် လူနဲ့သူနဲ့တူအောင်မလုပ်နိုင်တဲ့သူ ကြီးပွားအောင်မစွမ်းဆောင်နိုင်သူ တစ်ယောက်ဆီက သမ္မတကြီးက ဘာအကြံတွေများရနိုင်မှာတဲ့လဲ တခုတော့ရှိတာပေါ့လေ..မွဲတဲ့နည်းကို သိရင် မွဲတာနဲ့ပြောင်းပြန်က ချမ်းသာတဲ့နည်းဆိုပြီး မွဲနည်းယူမယ်ဆိုရင်တော့ ရချင်ရမယ်



ဒီနှစ်သင်္ကြန်မှာတွေ့ရတဲ့ NLD ရဲ့ဗဟိုမဏ္ဍပ်လို့ ပြောရမယ့်နေရာပါ ဒီမဏ္ဍပ်ရှေ့မှာပဲဒေါ်စုကြည် ကိုယ်တိုင် ကလေးကလား ရေကစားခဲ့ပါသေးတယ်
ရှင်းရှင်းပြောရရင် ရပ်ကွက်ထဲက ကလေးတစ်ယောက်လုပ်ထားတာလောက်တောင်ပီပီပြင်ပြင် မရှိပါဘူး  နောက်ဌာနချုပ်ရုံးကိုလည်း ကြည့်လိုက်ပါဦး ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဒီပုံပဲ ခုလဲဒီပုံပဲ ရုံးချုပ်လေးတစ်ခုကိုယ်တောင် တိုးတက်လာအောင် စီမံခန့်ခွဲမှု မပြုနိုင်သူတစ်ယောက်ဆီမှာ ထူးထူးခြားခြား ဘာအကြံတွေများရှိနိုင်ပါမည်လဲ သူကတိုင်းပြည်ကိုဦးဆောင်လိုက်ရင်ရော ဘယ်လိုနေမလဲ ဒီလိုပဲ စုတ်ပြတ်နေမှာပေါ့ဗျာ...ရှင်းနေတာပဲ


ပြောရရင်တော့အများကြီးပေါ့ဗျာ..ကုန်မှာမဟုတ်ပါဘူးဒီကြားထဲ ငွေချေးဆိုလားဘာလားလုပ်လိုက်သေးတယ် ခုပြန်မပေးတဲ့သူတွေဘာတွေ ရှိလာတော့ ပူညံပူညံ အသံထွက်လာပြီ အတိုးမယူပါဘူး စာရွက်စာတမ်းကြေးလောက်ပဲယူတာပါဆိုတာကပါသေး ခက်တယ် ..ဒီလိုငွေတိုးလေးပေးစားတတ်ဘို့ အမေရိကားမှာ ပညာတွေသင်ဘို့လိုတယ်တဲ့လားဗျာ...ဒီလိုလူတစ်ယောက်လက်ထဲကို တစ်တိုင်းပြည်လုံးပုံအပ်လိုက်ရမတဲ့လားဗျာ...

ဒေါ်စုကြည်ရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ခြုံကြည့်လိုက်ရင် သူမဟာ နိုင်ငံတော်အဆင့် စဉ်းစားတွေးခေါ်နိုင်သူတစ်ယောက်မဟုတ်ဘူးဆိုတာပေါ်နေတယ် ၊ လေနဲ့ကတော့ လူတိုင်းလုပ်တတ်တယ် ဗျာ..ဒေါ်စုကြည်မှ မဟုတ်ဘူး ဘယ်သူမဆိုပြောတတ်တယ် လက်တွေ့ဘာအကောင်အထည်ပေါ်လာသလဲဆိုတာပေါ်မှာ မူတည်ပြီးစဉ်းစား မယ်ဆိုရင် အဖြေကရှင်းနေတယ်။
နိုင်ငံရေးမှာလဲ ဒုတိယပင်လုံလိုလို ၊ ကွန်ယက်လိုလို ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလို ၊ တွေ့ဆုံဆွေးနွေးရေးလိုလို ၊ ပိတ်ဆို့ရေးလိုလိုနဲ့ ဘာမှရှေ့မရောက်ဘူး ၊ ဘာမှ အကောင်ထည်ပေါ်လာအောင်မစွမ်းဆောင်နိုင်ဘူး ဒါတောင်ပထွေးနိုင်ငံတွေက ဒီလောက် ကြားကန်ပေးထားလို့ ၊ အမှန်က ဘာမှမဟုတ်ဘူး သူတတ်တာတစ်ခုပဲရှိတယ် အစိုးရက တခုခုဝင်တားမလားဆိုပြီး တခုပြီးတခုရှောက်လုပ်နေတာ အစိုးရက ဖုတ်လေတဲ့ငပိ ရှိလေတယ်လို့တောင် မထင်တော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ...ဒါပဲ..အဖြေကဒါပဲ။

နောက်ဆုံးတင်ပြချင်တာကတော့ ဒီလို စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊နိုင်ငံရေး စတဲ့နယ်ပယ်တွေမှာ ဘာတစ်ခုမှ ဖြစ်မြောက်အောင်လုပ်မပြနိုင်တဲ့သူဆီက၊လုပ်နိုင်စွမ်းမရှိသူဆီက ဘယ်သမ္မတမှ အကြံဥာဏ်လာယူမှာမဟုတ်ပါဘူး ၊ တိုက်ရိုက်လဲမယူဘူး သွယ်ဝိုက်လဲမယူဘူး ကုန်ကုန်ပြောမယ် ဘယ်သူမှမတောင်းလဲ အလကားလိုက်ပေးပါ့မယ်ဆိုရင်တောင် အချိန်ကုန်ခံ နားညီးခံပြီး ဘယ်သူမှမယူဘူးဆိုတာပါပဲဗျား.....
ဝရဇိန်