xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ယနေ့ သတင်းဓါတ်ပုံများ ( ၂၃ - ၄ - ၂၀၁၁ )

Saturday, April 23, 2011

ယနေ့ သတင်းဓါတ်ပုံများ ( ၂၃ - ၄ - ၂၀၁၁ )

ဒီနေ့တော့ မတ်လ ၁၁ ကဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ ဂျပန်လူမျိုးတွေကို ထားရှိတဲ့ ကယ်ဆယ်ရေးစခန်းမှာ သူတို့ဘယ်လိုနေထိုင်နေကြတယ် ဆိုတာကို ထင်ဟတ်စေတဲ့ ပုံလေးတွေကို တင်ဆက်လိုက်ပါတယ် ။

 ဒီပုံတွေကို ဂျပန်သတင်းထောက်တွေရိုက်တာပါ ဒီလောက်အပျက်အစီးတွေ သောကတွေ ဒုက္ခရောက်နေမှုတွေ ကြားမှာ ဂျပန်သတင်းထောက်တွေဟာ ကောင်းကွက်လေးတွေရှာပြီး ကမ္ဘာကို တင်ပြနေတာပါ...ကျွန်တော်တို့ဆီက ကိုယ့်နိုင်ငံရဲ့ ဆိုးကွက်ကိုရှာရိုက်ပြီး ကမ္ဘာကိုဖြန့်တဲ့ အလုပ်နဲ့ထမင်းစားနေတဲ့ သတင်းထောက်တွေနဲ့ စိတ်ဓါတ်ချင်း ဘယ်လောက်တောင် ကွာကြသလဲဆိုတာကို တင်ပြချင်တာပါ ။ အဲလိုရတဲ့ပိုက်ဆံကို သူတို့မို့မျိုကျတယ်ဗျာ....

ကယ်ဆယ်ရေးစခန်းမှကလေးငယ်တစ်ဦးနှင့်  ကြက်ခြေနီတစ်ဦး သောချိတ်လေးနဲ့ ကစားနေတဲ့ပုံပါ



ဒါကတော့ ဂျပန်ဘုရင်ကြီးနဲ့ ဘုရင်မကြီးကိုယ်တိုင် လာရောက်အားပေးနေတဲ့ပုံပါ


ဒီပုံလေးကတော့ ဒုက္ခသည်တွေကို တေးဂီတနဲ့ ငြိမ်သက်နေစေပြီး သောကမီးကို တတ်နိုင်သ၍ လျော့ချပေးနေတဲ့ပုံလေးပါ


ဒါကတော့ အပျက်အစီးတွေကြားမှာ ဆယ်တင်လို့ရတဲ့ ပစ္စည်းတွေကို စုပြီးပြထားတာပါ ကိုယ်နဲ့ဆိုင်တာလေးတွေ ကိုရွေးပြီးလာယူလို့ရပါတယ် ဆိုင်ဆိုင်မဆိုင်ဆိုင် ကောင်းတာတွေ့ရင်ယူသွားမယ်ကွာဆိုတဲ့ စိတ်ဓါတ်မျိုးမရှိတဲ့ အဆင့်အတန်းမြင့်တဲ့စိတ်ဓါတ်ကို အတုယူရမှာပါ