xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးလေယာဉ်များ အရပ်ဘက်ပစ်မှတ်များကိုပါပစ်ခတ် ၊ လစ်ဗျားပြည်သူများသေဆုံး၊ရေပေးရေးစံနစ်များပျက်စီး

Sunday, April 24, 2011

နေတိုးလေယာဉ်များ အရပ်ဘက်ပစ်မှတ်များကိုပါပစ်ခတ် ၊ လစ်ဗျားပြည်သူများသေဆုံး၊ရေပေးရေးစံနစ်များပျက်စီး



မောင်းသူမဲ့လေယာဉ်တစ်စင်းပုံ


 အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်အုပ်စုရဲ့ တိုက်လေယာဉ်တွေဟာ ဒီနေ့မှာ မြို့တော် ထရီပိုလီ ရှိ စစ်ရေးပစ်မှတ်များအပြင် အရပ်ဘက် ပစ်မှတ်တွေကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေ ဆုံးမှုများ အပါဝင်အပျက်အစီးအမြောက်အများ ရှိခဲ့တယ်လို့သိရပါတယ် ။

မြို့တော် ထရီပိုလီ ရှိ အမျိုးသမီး စစ်အကယ်ဒမီအနီးမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီး ၃သံလောက် ဆက်တိုက်ဆို သလိုကြားရပြီးတဲ့နောက်မှာ နေတိုးစစ်လေယာဉ် တွေကောင်းကင်ယံမှာ ပျံသန်းသွား ကြတယ်လို့ ထရီပိုလီမှာရှိနေတဲ့ ဆင်ဟွာသတင်းထောက်က ပြောကြားခဲ့ပါတယ် ။

နေတိုးစစ်လေယာဉ်တွေဟာ မြို့တော်ထရီပိုလီကိုသာမက Al-Khums နှင့် Sirte မြို့တွေမှာ မြို့ရေပေးရေး စံနစ် တွေ ၊ ရေဆိုးထုတ်စံနစ်တွေကို သာမက ကိုယ်ပိုင်ကားများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ JANA သတင်းဌာနက ဖေါ်ပြလိုက်ပါတယ် ။

 စနေနေ့အစောပိုင်းကတော့ အမည်မဖေါ်လိုသူ အမေရိကန် အရာရှိတစ်ဦးက အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီရဲ့ တပ်ဖွဲ့တွေကို မက်စရာတာမြို့ အနောက်ပိုင်းမှာ ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ် ခဲ့ရာမှာ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။
TRIPOLI, April 23 (Xinhua)