xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: EU စီးပွားရေးလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိမဲ့ BRICS

Thursday, April 14, 2011

EU စီးပွားရေးလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိမဲ့ BRICS

Chinese President Hu Jintao (C), Brazilian President Dilma Rousseff (2nd R), Russian President Dmitry Medvedev (2nd L), Indian Prime Minister Manmohan Singh (1st L) and South African President Jacob Zuma (1st R) attend a photocall in Sanya, south China's Hainan Province, April 14, 2011.
 
BRICS ဆိုတာကတော့ ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နဲ့ တောင်အာဖရိက နိုင်ငံတွေ ပူးပေါင်း ဖွဲ့စည်းထား တဲ့ စီးပွားရေးအဖွဲ့အစည်းကြီး တစ်ခုရဲ့ အမည်ပဲဖြစ်ပါတယ် ။ ဒီအဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဘရာဇီးသမ္မတ ဒီးမားရော့ဆက်ဖ်၊ ရုရှားသမ္မတ ဒမီဒရီ မီဒီဒက်ဗ် ၊အိန္ဒိယ ၀န်ကြီးချုပ် မာမွန်ဟန်ဆင်း ၊ တရုတ်သမ္မတ ဟူကျင်တောင် ၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမား စတဲ့ ခေါင်းဆောင်ကြီးတွေဟာ တရုတ်နိုင်ငံ တောင်ပိုင်း ဆန်ညာမြို့မှာ ဧပြီလ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ဒီအဖွဲ့ကြီးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပေါ်မှာ အနောက်အုပ်စု ဖွံ့ဖြိုးပြီးနိုင်ငံတွေက၊အထူးသဖြင့် အီးယူလိုအဖွဲ့မျိုးရဲ့ လွှမ်းမိုးမှုကို ထိန်းညှိဟန့်တားလာနိုင် လိမ့်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ် ။ဒါနဲ့ ပတ်သက်ပြီး Voice Of Myanmar ရဲ့စစ်ရေးနိုင်ငံရေးသုံးသပ်သူ ဦးကိုကိုအောင် ကိုဆက်သွယ် မေးမြန်းခဲ့ပါတယ် ။
" ဒီအဖွဲ့ကြီးက ၂၀၀၁ ခုနှစ်မှာစပြီးဖွဲ့ခဲ့တာဗျ စဖွဲ့တုန်းက ဘရာဇီး၊ရုရှား၊အိန္ဒိယနဲ့ တရုတ်ပဲပါတယ် အဲဒီတုန်းက BRIC ခေါ်တာပေါ့ လေ.. ဒီနှစ်မှ အိမ်ရှင်တရုတ်က ဒီအဖွဲ့ထဲမှာ တောင်အာဖရိကကိုပါထည့် လိုက်ပြီး BRICS ဆိုတာဖြစ်လာတာပါ လက်ရှိ ဒီ ၅နိုင်ငံရဲ့ စီးပွားရေးဟာ ကမ္ဘာ့ စီးပွားရေးတစ်ခုလုံးရဲ့ ၅ပုံ ၁ ပုံလောက် ရှိတယ်ဆိုတော့ ဒါ စီးပွားရေးအရ အင်မတန်အင်အားတောင့်တဲ့အဖွဲ့ ကြီးလို့ပြောလို့ရပါတယ်"



BRICS အစည်းဝေးကျင်းပနေစဉ်
 
" နောက်ပြီးဒီအဖွဲ့ကြီးက ၂၀၀၁ မှာစဖွဲ့တယ်ဆိုပေမယ့်လို့ ၂၀၀၉ ခုနှစ် မှ ခေါင်းဆောင်တွေစပြီး တွေ့ဆုံခဲ့ကြတယ် ၂၀၀၉ မှ ပီပီပြင်ပြင် အသက်ဝင်လာတယ် လို့ပြောလို့ရပါတယ်၊နောက်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အခြေခံနိုင်ငံရေးပုံစံ မတူညီမှုတွေပေါ်မှာ စီးပွားရေးဆိုင်ရာမူဝါဒအခြေခံတွေလည်း ကွဲပြားနေတာမို့ ဒီအဖွဲ့ကြီးရဲ့ အခြေခံမူတွေချမှတ်ရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်လို့လဲ မြင်တဲ့သူတွေရှိတယ်   ပညာရှင်တွေရဲ့ သုံးသပ်ချက်ကတော့ ဒီအဖွဲ့ကြီးရဲ့ ဖွဲ့စည်းမှုဟာသိပ်ပြီး ကျစ်လစ်အားကောင်းမှု မရှိသေးဘူးဆိုပေမဲ့ အင်အားတဖြည်းဖြည်းကြီးလာနေတယ် ဆိုတာကတော့ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ် ဒါကြောင့် အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေားဆိုင်ရာ အခြေခံတွေ ကို ပြောင်းကောင်း ပြောင်းရတော့မယ်ဆိုပြီးတော့ သုံးသပ်နေကြတာတွေလဲရှိပါတယ် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီ BRICS အဖွဲ့ကြီးဟာ EU လို အဖွဲ့ကြီးတွေရဲ့ စီးပွားရေးကိုအခြေခံပြီး နိုင်ငံရေးအရ အသာစီးရအောင်ကြိုးပမ်းလာမှုတွေကို ထိန်းညှိလာနိုင်တော့ မယ်လို့ ယူဆပါတယ်  " ဟု၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသွားပါသည် ။
Voice Of Myanmar