xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်း၏ နောက်ကွယ်

Wednesday, April 6, 2011

အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်း၏ နောက်ကွယ်

 
အမေရိကန်အစိုးရက အမေရိကန်နိုင်ငံခြားရေးဆိုင်ရာ အကြံပေးတဦးဖြစ်တဲ့ မစ္စတာ ဒဲရက်မစ်ရှဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာခင် ခန့်အပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဘူးသူတစ်ဦးဖြစ်ကြောင်းလဲ သိရပါတယ်။
 
ဒီလိုခန့်အပ်ခြင်းအပေါ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးကိုကိုအောင်အား Voice Of Myanmar မှ သဘောထား မေးမြန်းခဲ့ ရာ ၄င်းက " ကျွန်တော်လဲဒီသတင်းကြားတယ် ..ဒီနေ့သတင်းတွေမှာပဲ အမေရိကန် ပြောခွင့်ရ သူတစ်ဦးက ဒီလိုခန့်အပ်တာဟာ မြန်မာအစိုးရသစ်ကို နိုင်ငံရေးအရ နီးနီးကပ်ကပ် ဆောင်ရွက်နိုင်အောင် အမေရိကန်က ဆောင်ရွက်တာ ဖြစ်တယ် ဆိုပြီး ပြောသွားတာ ကြားလိုက်ရသေးတယ်..ဒီလိုရှိတယ်ဗျ..အမေရိကန်ကနေ နိုင်ငံရေးအရတကယ်နီးနီးကပ်ကပ် ဆောင်ရွက်ချင်
တယ်ဆိုရင် ပထမဆုံးလုပ်သင့်တာက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တစ်ဦး ခန့်ရမယ်လေ..ခုတော့ သံအမတ်ကြီးမခန့်ပဲ သံတမန် အဆင့်လျော့ချဆက်ဆံ ထားတယ် ဒါကိုအရင်မလုပ်ဘဲနဲ့ အထူးကိုယ်စားလှယ်ခန့်တယ်ဆိုထဲက နောက်ကွယ်မှာ အကြံတစ်ခုခု ရှိနေမယ်လို့ ကျွန်တော်တော့ ယူဆတယ်.." ဟုပြောကြားပါသည်။
 
ဟုတ်ကဲ့ ..ဆရာ့အနေနဲ့ နောက်ကွယ်မှာဘယ်လို အကြောင်းအရာတွေ ရှိမယ် ထင်ပါသလဲ..ဟူသောအမေးကို " ပထမဆုံး ဒီအထူးကိုယ်စားလှယ်ကို ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတာ ကြည့်ရအောင်..အမေရိကန်မှာက ဒီလိုကိုယ်စားလှယ်တွေဘာတွေခန့်ဘို့ ကွန်ဂရက်လွှတ်တော်က သဘောတူဘို့လိုတယ် ဒါမှမဟုတ် ကွန်ဂရက်လွှတ်တော်က သဘောတူပြီးသား ဥပဒေတစ်ခုခုကိုသုံးပြီးမှ သမ္မတ ကခုလိုအထူးကိုယ်စားလှယ်ဆိုတာမျိုးကိုခန့်လို့ရတယ် ခုကိစ္စမှာ ဒီ Derek Michell ကိုခန့်ဘို့ ၂၀၀၈ ခုနှစ်မှာ သမ္မတဟောင်း ဂျော့ရှ်ဘု လက်မှတ်ရေးထိုးထားတဲ့ JADE Act ရဲ့ လိုအပ်ချက် တစ်ခုအရ ခန့်တာလို့ သတင်းတွေအရသိရတယ် JADE Act ဆိုတာက (Junta's Anti-Democratic Efforts)လို့အရှည် ခေါ်တယ် စစ်အာဏာရှင် ဖြုတ်ချဘို့ဆြိုပီးတော့ အောက်လွှတ်တော်အမတ် တွမ်လန်းတို့စ် ကဦးဆောင် တင်သွင်းခဲ့တဲ့ ဥပဒေ ဖြစ်တယ် သူတင်တာကို လွှတ်တော်ကသဘောတူလို့ သမ္မတက လက်မှတ်ထိုးပြီးထုတ်ထားတဲ့ဥပဒေ တစ်ခုဖြစ်တယ် ခုတော့ ဒီအောက်လွှတ်တော် အမတ်လဲဆုံးသွားပါပြီ ..ပြောချင်တာက စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရည်ရွယ်တင်သွင်း အတည်ပြုထားတဲ့ ဥပဒေကိုသုံးပြီး ခန့်ထားတဲ့ အထူးကိုယ်စားလှယ် ဖြစ်တယ်ဆိုတာပါပဲ"
 
" နောက်တစ်ချက်ကတော့ ဒီကိုယ်စားလှယ် မခန့်ခင်မှာ ဒေါ်စုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပိတ်ဆို့ အရေးယူရေး ရပ်တည်ချက်စာတမ်းကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ၄ ယောက်ကလည်း ပိတ်ဆို့အရေးယူတာ ပိုပြီးထိရောက်ဖို့ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် အမြန်ခန့်ထားဖို့လိုမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လ ၂၉ ရက်နေ့ကစာရေးတောင်းဆိုခဲ့တာတွေရှိခဲ့တယ် "

" ဒါတွေကို ကြည့်လိုက်ရင် ခုအမေရိကန်က ခန့်မယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုတာ အကောင်းဘက်ကို ဖြစ်လာဘို့ ကျွန်တော်တော့ မမြင်ပါဘူး " ဟုလည်းကောင်း၏ အမြင် ကို ပြောကြားသွားခဲ့ပါသည် ။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုကိုယ်စားလှယ်ခန့်အပ်တာကို ကြိုဆို ကြောင်းသတင်းဌာနများ ကိုပြောကြားခဲ့တယ်လို့သိရပါတယ် ။

Voice Of Myanmar