xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကိုအာရ်ကျမ်း မီးရှိုမှု မကျေနပ် ၊ အာဖဂန်ပြည်သူများ ဆန္ဒပြပွဲများဆက်

Sunday, April 3, 2011

ကိုအာရ်ကျမ်း မီးရှိုမှု မကျေနပ် ၊ အာဖဂန်ပြည်သူများ ဆန္ဒပြပွဲများဆက်

အိုဘားမား ရုပ်ပုံကိုမီးရှို့ဆန္ဒ ပြနေသော အာဖဂန်ပြည်သူများ
 
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ မကြာသေးခင်က ခရစ်ယာန်တရားဟောဆရာ တစ်ဦးက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ကိုအာရ်ကျမ်းကို မီးရှို့ဖျက်ဆီးခဲ့တာကို အသေခံဆန္ဒပြတဲ့ အနေနဲ့ စနေနေ့ မနက်ပိုင်း မှာ အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲသမား ၃ ဦးက ကဘူးမြို့တော်က မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ စစ်စခန်းတခုဖြစ်တဲ့ Camp Phoenix မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီအကြမ်းဖက်သမားတွေဟာ အမျိုးသမီးတွေလို ၀တ်ဆင်ပြီး အသေခံဗုံးခွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်သမား ၂ ဦး သေဆုံးသွားကာ နေတိုးတပ်ဖွဲ့ဝင် ၃ ဦး ထက်မနည်း ဒဏ်ရာရရှိ ရသွားတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းဆိုသလိုမှာပဲ  တောင်ပိုင်းက ကန်ဒဟာပြည်နယ်မှာ အလားတူဆန္ဒပြခဲ့တဲ့အတွက်  အဓိကရုဏ်းတွေ ဖြစ်ခဲ့တာကြောင့် ၅ ဦးသေဆုံးသွားပြီး ၄၆ ဦး ဒဏ်ရာတွေ ရရှိသွား ခဲ့ပါတယ်။
ခုလို ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာဟာ အမေရိကန်အစိုးရက မီးရှို့သူ ခရစ်ယာန် တရားဟော ဆရာကို အရေးယူမှု တစ်စုံတစ်ရာမလုပ် ခဲ့တာကြောင့်ဖြစ်တယ်လို့ အကဲခတ်များက သုံးသပ်ကြပါတယ် ။

မနေ့က သောကြာနေ့မှာ အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်က Mazar-e-Sharif မြို့ ကုလသမဂ္ဂရဲ့ ရုံးဝန်းတွင်းကို အခုလို ကိုအာရ်ကျမ်းကို မီးရှို့မှုကြောင့် မကျေနပ်တဲ့ဆန္ဒပြသူတွေက ၀င်ရောက် စီးနင်း တိုက်ခိုက် ခဲ့တာကြောင့် ဆွီဒင်၊ နော်ဝေ၊ ရိုမေးနီးယား နိုင်ငံသား ၃ ဦးနဲ့ နီပေါနိုင်ငံသား ၄ ဦးပါဝင်တဲ့ ကုလသမဂ္ဂ ၀န်ထမ်း ၇ ဦး သေဆုံးခဲ့ရပါတယ်။ CNN သတင်းများမှာတော့ သေဆုံးသူဟာ ၁၂ ဦးထိ ရှိခဲ့တယ်လို့ ဖေါ်ပြပါတယ်။