xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကမ္ဘာ့ လက်နက် အရောင်းချဆုံးနိုင်ငံများ

Sunday, March 27, 2011

ကမ္ဘာ့ လက်နက် အရောင်းချဆုံးနိုင်ငံများ

ဆွီဒင်နိုင်ငံအခြေစိုက် SIPRI  (Stockholm International Peace Research Institute) ရဲ့ သုတေသနပြု လေ့လာ ချက်များအရ ကမ္ဘာ့လက်နက် အရောင်းချဆုံးနိုင်ငံများမှာ အမေရိကန် ၊ ရုရှား ၊ ဂျာမဏီ ၊ပြင်သစ် နဲ့ ဗြိတိန် နိုင် ငံတို့ဖြစ်ကြတယ် လို့ဆိုပါတယ် ။နိုင်ငံအလိုက် လက်နက်ရောင်းချမှုရာခိုင်နှုန်း တွေကိုတော့ အောက်ကပုံမှာ ဖေါ်ပြ ထားပါတယ်။
 


ဒီနိုင်ငံကြီးတွေဟာ သူတို့နဲ့ နိုင်ငံရေးအရ အဆင်ပြေတဲ့နိုင်ငံတွေ ကိုတိုက်ရိုက်ရောင်းပြီး သိပ်အဆင်မပြေရင် တော့ ကြားခံ နိုင်ငံတွေကနေတဆင့် ရောင်းချနေတယ်လို့ စစ်တမ်းမှာဖေါ်ပြထားပါတယ်။ လုံးလုံးအဆင်မပြေတဲ့ နိုင်ငံတွေကို ရောင်းရင်တော့ ရောင်းသူဝယ်သူကို တရားမ၀င်လက်နက်ရောင်းဝယ်မှုနဲ့ အရေးယူပါတယ် ။

The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏဟာ ယခင် ၅ နှစ်ကာလဖြစ်တဲ့ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် ။ ဒီနေရာမှာ တရားဝင်တယ်ဆိုတာ ဒီနိုင်ငံ ကြီးတွေ ဒီလိုလက်နက်တွေ ရောင်းနေတာကို ကမ္ဘာ့ငြိမ်းချမ်းရေး လုံခြုံရေးကို အလေးပေးဆောင်ရွက် နေပါတယ်ဆိုတဲ့ ကုလသဂ္ဂလုံခြုံရေး ကောင်စီက သဘောတူတယ် ခွင့်ပြုတယ် ဆိုတဲ့သဘောပါ။

အံသြစရာကောင်းတာက ဒီလက်နက်အများဆုံးရောင်းနေတဲ့ နိုင်ငံကြီးတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ၊ လူသားဖြစ်တည်မှုကို အရေးထားကြောင်း ဒေသတွင်းလုံခြုံရေးကို မထိခိုက်ကြဘို့ လိုကြာင်း အသံအကျယ်ဆုံး အော်နေကြတဲ့ နိုင်ငံတွေ ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံက မြေမြှုတ်မိုင်း သုံနေတာဟာ အန္တရာယ်ကြီးမားကြောင်း ဆက်ပြီးတော့မသုံးကြဘို့ လိုကြောင်း လက်မှတ်တွေ လျှောက်ထိုးနေတဲ့ နိုင်ငံတွေ ဖြစ်နေ ကြတာပါပဲ ။ ဒီလိုလက်မှတ်ထိုးတဲ့အထဲမှာ မြန်မာပြည်က ပါလေရာ ဒေါ်စုကြည်ကလည်း ကြောင်တောင်တောင်နဲ့ ပထွေးအလိုကျ ၀င်ထိုးထားလိုက်သေးတာကို တွေ့ရမှာပါ ။

ဆင်သေကို ဆိတ်ရေနဲ့ဖုံး ၊ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ဆိုတဲ့ စကားပုံတွေဟာ  ဒီနေရာမျိုးတွေမှာ သုံးဘို့ ထားတာပါ၊ ..ဒေသတွင်းလုံခြုံရေး ၊ တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးအတွက် လက်နက်တွေရောင်းတယ်ဆိုတာဟာ မီးမလောင်အောင် ဓါတ်ဆီနဲ့ မီးခြစ်ရောင်းပေးနေ တာနဲ့ တူနေပါတယ်။

လွတ်လပ်ခြင်းရှိပါဘိ၊တရားမျှတာပါဘိ ၊ငြိမ်းချမ်းရေးအတွက်အလားအလာ ကောင်းပါဘိ ဒီမိုကရေစီ ဆန်ပါဘိ ...အိုကမ္ဘာကြီးရယ်လို့ ပြောရမဲ့ ကိန်းဆိုက်နေပါပြီ ။

ဒေါက်တာဆိတ်ဖွား