xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုစမာဘင်လာဒင်အား အမေရိကန်တို့ အသေဖမ်းဖိ

Monday, May 2, 2011

အိုစမာဘင်လာဒင်အား အမေရိကန်တို့ အသေဖမ်းဖိ



ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ၄င်းတို့နိုင်ငံတွင်းနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ဖြစ်သမျှ လက်သည်မပေါ်တဲ့ အကြမ်းဘက် တိုက်ခိုက်မှုတွေမှန်သမျှကို ဘင်လာဒင်လက်ချက်လို့စွပ်စွဲလေ့ရှိပါတယ် ။

ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်းတခုအပေါ် အမေရိကန် အထူးတပ်ဖွဲ့ အနည်းငယ်က ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သမ္မတက အိမ်ဖြူတော်ကနေ တနင်္ဂနွေနေ့ ညဘက်မှာ တနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြော အသိပေးခဲ့တာ ဖြစ်ပါတယ်။ဘင်လာဒင်ကို အမေရိကန်အထူးတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူ့အလောင်းကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ဆို ပါတယ်။

ဘင်လာဒင်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်အောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး ရုပ်ရှင်ဆန်ဆန် စွန့်စားခန်းသဖွယ် ဂုဏ်ယူပြောကြားသွားခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရအပြီး ၁၀ နှစ်နီးပါး အကြာမှာမှ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ခုလိုသူ့နိုင်ငံကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်သမားတွေကို အခြားနိုင်ငံတွေ အထိ အထူးတပ်ဖွဲ့များစေလွှတ် တိုက်ခိုက်နေသော်လည်း မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ကို ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KNU ခေါ် ကရင်လက်နက်ကိုင်အဖွဲ့ကိုတော့ အကြမ်းဘက်သမားစာရင်းမှ ပယ်ဖျက်ထားပြီး သံအမတ်များကိုယ်တိုင် အဆိုပါလက်နက်ကိုင်များအခြေပြုရာ ဒေသသို့မကြာခဏဆိုသလိုသွားရောက်ကာ လူ့အခွင့်ရေး ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး ကူညီထောက်ပံ့နေတာလည်းဖြစ်ပါတယ်။


ဒါ့အပြင် မြန်မာအစိုးရအဆက်ဆက်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်သူများအပါအ၀င် နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်နေသူများ ၊ ၄င်းတို့၏ မိသားစုဝင်များကို ဒုက္ခသည်စာရင်းသွင်းထောက်ပံ့ကာ အစိုးရဆန့်ကျင်ရေး အဖွဲ့များတွင်ပါဝင်စေပြီး ထောက်ပံ့မှုအမျိုးမျိုးပြုလုပ်ကာ နိုင်ငံရေးအရ ၀င်ရောက်စွတ်ဘက်မှု ပေါင်းစုံကို ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။