xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သတိနှင့်စောင့်ကြည့်ရမည့် ဒေါ်စုကြည်၏ ခြေလှမ်းများ

Sunday, May 22, 2011

သတိနှင့်စောင့်ကြည့်ရမည့် ဒေါ်စုကြည်၏ ခြေလှမ်းများ

 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သုံးရက်ကြာ ဒီခရီးစဉ် အတွင်းမှာဒေါ်စုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဖြစ်ပြီး  သူဟာမေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်စုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပြန်ပါတယ် ။

ဒီတွေ့ဆုံမှုတွေအတွင်းမှာ ဘာတွေပြောခဲ့တယ် တိုင်ပင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး NLD အကြောင်းအနီးကပ်လေ့လာနေတဲ့  Voice Of Myanmar ၏သတင်းထောက်တစ်ဦး ပေးပို့ လာသောသတင်းပေးပို့ချက်၏ ကောက်နှုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။


ဒေါ်စုကြည်၏ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုများအပေါ် အပြည့်အ၀ ထောက်ခံပါကြောင်း  အသီးသီး ပြောကြားခဲ့ကာ ဒေါ်စုကြည်မှလည်း မိမိဘက်မှ ရပ်တည်ပေးမှုအပေါ် ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

- ဒေါ်စုကြည်လွတ်မြောက် ခါစက လုံခြုံရေးအခြေအနေ စိုးရိမ်စရာရှိတာမို့ နယ်ထွက်ပြီးလှုပ်ရှားမှုမပြုဘဲ ရန်ကုန် မြို့တွင်သာ နေထိုင်လှုပ်ရှားသင့်ကြောင်း အကြံပြုခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံ တွင်းလှည့်လည် ခရီးထွက်ကာ လှုပ်ရှားမှု အရှိန်မြှင့်တင်ရန် သင့်တော်သော အချိန်ခါရောက်ပြီဟု ထင်မြင်မိပါကြောင်း အကြံပြုခဲ့သည် ။

- ထိုသို့လှုပ်ရှားစည်းရုံးမှုများကို မီဒီယာများမှတစ်ဆင့် ပျံ့နှံ့အောင်ဆောင်ရွက်ရန်အကူညီပေးသွား မှာဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်းတင် မှုများကို စံနစ်တကျ ဆောင်ရွက်ရန်လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း အကြံပြုသွားခဲ့သည် ။

- စည်းရုံးရေးခရီးစဉ်များကို ၄င်းတို့အနေဖြင့် မျက်ချေမပြတ်စောင့်ကြည့်  ပေးသွားမှာဖြစ်ပြီး လုံခြုံရေးလိုအပ်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာပါလျှင် အကူညီတောင်းခံလာပါက အကူအညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည် ။

- ဒေါ်စုကြည်အနေဖြင့်လိုအပ်မည်ဆိုပါက ကုလမှ လူ့အခွင့်ရေးစောင့်ကြည့်သူတစ်ဦးမြန်မာနိုင်ငံတွင် ထားရှိကာ လူ့အခွင့်ရေး ကိစ္စတွေအတွက် အနီးကပ်အကူအညီပေးလိုပါကြောင်း အကြံပြုမေးမြန်းချက်ကို ဒေါ်စုကြည်မှ ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်း ၊ သူမအနေဖြင့် မီဒီယာများမှတဆင့် တောင်းဆိုသည့်ပုံစံ မျိုးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

-လက်ရှိကမ္ဘာ့အရေးအခင်းများတွင်ထားရှိသော ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု၏ သဘောထားသည် မြန်မာနိုင်ငံအပေါ်ထားသော သဘောထားများကိုထင်ဟတ်စေသော ရပ်တည်မှုများ ပင်ဖြစ်ကြောင်း ပြောကြားချက် ကို ဒေါ်စုကြည် မှ နားလည်သဘောပေါက် ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည် ။

- လက်ရှိ NLD ၏ခေါင်းဆောင်ပိုင်းသည် အသက်အရွယ်ရနေသူများသာ အများစု ဖြစ်နေပါ သဖြင့် ခေါင်းဆောင်မှု ခါးဆက် မပြတ်စေရေး ယုံကြည်ချက် ခံယူချက် တူညီသူ ပညာတတ် မျိုးဆက်သစ် ခေါင်းဆောင်များပါ လက်တွဲ  လေ့ကျင့်သွားသင့်ပါကြောင်း အကြံပြုခဲ့သည် ။

ဒီအချက်တွေဟာ သတင်းပေးပို့ချက်တွေထဲက အဓိကအချက်တွေကိုဘဲ ကောက်နှုတ်တင်ပြထားတာပါ ၊  ကျန်တာတွေရှိပါသေးတယ် ၊ ဒီအချက်အလက်တွေကိုသတင်းပေးပို့နေတဲ့ သတင်းထောက်ဟာ အထူးယုံကြည်စိတ်ချရတဲ့ သတင်းထောက်တစ်ဦးဖြစ်တာမို့ သူ့ရဲ့ သတင်းပေးပို့ချက်တွေကို အလေးအနက်ထား စဉ်းစားသင့်ပါသည်။ 

အကယ်၍သာ ဤသတင်းအချက်အလက်များ မှန်ကန်မည်ဆိုပါက ဒေါ်စုကြည် ဟာ မကြာခင်အချိန်များအတွင်း စည်းရုံးရေးခရီးများထွက်ပြီး သူမတွင် လုံခြုံရေးအရ စိုးရိမ်စရာအခြေအနေမျိုးရှိနေသယောင် ဖန်တီးကာ ပြည်ပမှ လုံခြုံရေးအကူအညီတောင်းခံမှုများ ၊ ပြုလုပ်လာနိုင်ကြောင်း ၊ လက်ရှိအစိုးရက ဒါကိုခွင့်ပြုမှာမဟုတ်တဲ့အကြောင်း ၊ ဒီလိုခွင့်မပြုခြင်းအပေါ် အခွင့်ကောင်းယူက အစိုးရကို နိုင်ငံရေးအရ ဖိအားပေးမှုများ ဆောင်ရွက်လာနိုင်ကြောင်း ၊ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ ကလည်း ဒီအခြေအနေဆိုရင် လူ့အခွင့်အရေး အခြေအနေတွေ စိုးရိမ်စရာရှိတယ်ဆိုပြီး အကြောင်းပြကာ အနီးကပ်စောင့်ကြည့်ဘို့ မြန်မာနိုင်ငံမှာအထူးကိုယ်စားလှယ် ခန့်အပ်ရေး ဖိအားပေးဆောင်ရွက်ပြီး အစိုးရကို နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်လာအောင် ဆောင် ရွက် ပြီး အစိုးရ၏ နိုင်ငံရေးအရ အမှားကိုစောင့်ကာ အာဏာရရှိရေး လမ်းစဉ်ကို ဆောင်ရွက်လာတော့မှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ် အကဲခတ် စောင့်ကြည့် လျှက်ရှိပါကြောင်းတင်ပြအပ်ပါသည် ။

ပြည်သူများအနေဖြင့်လည်း ဒေါ်စုကြည်၏ ပြည်ပနှင့် စည်းဝါးရိုက်ကာ ပူးပေါင်းကြံစည်မည့် ခြေလှမ်းများကို သတိမပြတ် စောင့်ကြည့်နေသင့်ပါကြောင်း အလေးအနက်ထားတင်ပြအပ်ပါသည် ။

ဒေါက်တာဆိတ်ဖွား