xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၆၆နှစ်မြောက် Victory Day စစ်ရေးပြအခမ်းနား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ခမ်းနားစွာကျင်းပခဲ့

Monday, May 9, 2011

၆၆နှစ်မြောက် Victory Day စစ်ရေးပြအခမ်းနား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ခမ်းနားစွာကျင်းပခဲ့


ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ကရင်မလင်ရင်ပြင်မှာ နာဇီ ဂျာမဏီတို့အား အောင်မြင်သည့် အထိမ်းမှတ် ကျင်းပသည့် ၆၆နှစ်မြောက် Victory Day စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ရာ ရုရှားသမ္မတ Dmitry Medvedev နှင့် ၀န်ကြီးချုပ် Vladimir Putin ၊ စစ်မှုထမ်းဟောင်းကြီးများ နိုင်ငံတကာမှ ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ (ပုံ)



 
အင်အား ၂၀၀၀၀ ကျော်ရှိသောစစ်သည်တော်များက စစ်ရေးပြစစ်ကြောင်းကြီးများဖြင့် ချီတက် စစ်ရေးပြခဲ့ကြခဲ့ကြကြောင်း လည်းသိရပါတယ် ။ ရုရှားမီဒီယာများ အဆိုအရ ရုရှားအာကာသတပ်ဖွဲ့ အရာရှိ ၂၀၀ ပထမဦးဆုံးအကြိမ် ဒီစစ်ရေးပြအခမ်းအနားမှာ ပါဝင်လာတယ်လို့ဆိုပါတယ်။

Topol-M ballistic missile launchers, S-400 Triumph air defense missiles နှင့် Iskander-M missile launchers, များအပါအ၀င် စစ်ဘက်ဆိုင်ရာယာဉ် ၁၀၀ ကျော်လည်း စစ်ရေးပြအခမ်းအနားမှာ ပါဝင်ခဲ့ကြောင်းသိရပါတယ်။







 


ဒါ့အပြင် ရုရှားလုပ် Mi-8 multirole helicopters များကလည်း စစ်ရေးပြအခမ်းနားကျင်းပရာ ကရင်မလင်ရင်ပြင် ကောင်းကင်ယံတွင် ရုရှားနိုင်ငံအလံနှင့် တပ်မတော်အလံများ အသီးသီးချိတ်ဆွဲကာ ပျံသန်းခဲ့ပါတယ် ။
 

ယခုစစ်ရေးပြအခမ်းအနားလုံခြုံရေး အတွက် ရဲအရာရှိ ၂၀၀၀၀ ကျော် ပါဝင်သောလုံခြုံရေးအဖွဲ့များဖြင့် စံနစ်တကျဆောင်ရွက်ခဲ့ပြီး ဒီအခမ်းအနားအတွက် မော်စကိုမြို့တော်တာဝန်ရှိသူတွေဟာ အမေရိကန်ဒေါ်လာ ၃.၇ သန်းနဲ့ညီမျှတဲ့ ရုရှားသုံးရူဘယ်ငွေ ၁၀၂ သန်း သုံးစွဲခဲ့ကြောင်း လည်းသိရပါတယ် ၊ ရုရှားနိုင်ငံတစ်ဝှမ်းမြို့ကြီး ၁၀၀ ကျော်မှာ ခုလိုအခမ်းအနားတွေကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ ၁၄ သန်းကျော် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါတယ်။


Voice Of Myanmar