xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုစမာဘင်လာဒင် အတွက်တာလီဘန်တို့လက်စားချေ ကရာချိမြို့တွင် ဆော်ဒီသံတမန်တစ်ဦးသေဆုံးပြန်

Tuesday, May 17, 2011

အိုစမာဘင်လာဒင် အတွက်တာလီဘန်တို့လက်စားချေ ကရာချိမြို့တွင် ဆော်ဒီသံတမန်တစ်ဦးသေဆုံးပြန်



တနင်္လာနေ့က ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမြို့မှာ ဖြစ်ပွားခဲ့တဲ့ အာဖဂန်သံတမန်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဟာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်ရှိ တာလီဘန်တို့က ကြေငြာလိုက်တယ်လို့ ဆင်ဟွာသတင်းတစ်ရပ်မှာ ဖေါ်ပြလိုက်ပါတယ်။

အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Hassan-al-Kahatani အမည်ရှိ အာဖဂန် သံတမန်တစ်ဦးသေဆုံးကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။မေလ ၂ ရက်နေ့က အဘူတာဘတ်မြို့မှာ အယ်လ်ခိုက်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင် ကို လုပ်ကြံခဲ့ပြီးနောက် တာလီဘန်တို့က လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ခုလို တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ယခုလ ၁၃ ရက်နေ့ကပါကစ္စတန် စစ်လေ့ကျင့်ရေး စခန်းတစ်ခုအတွင်း တာလီဘန်တို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့်  ၈၀ ကျော်သေဆုံးပြီး ၁၂၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ် ။

အခုလိုတိုက်ခိုက်မှုဟာ ဆော်ဒီသံတမန်တွေကို တာလီဘန်တို့ ပစ်မှတ်ထားတိုက်ခိုက်မှုဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားတာဖြစ်ပြီး ဒီလ ၁၁ ရက်နေ့ကလည်း ကရာချိမြို့မှာ ဆော်ဒီသံတမန် တစ်ဦးရဲ့ကားကို အမည်မသိ သူများက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃ ဦးဒဏ်ရာရရှိသွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသေးတယ် ။

ခုဖြစ်ပွားတဲ့ ဆော်ဒီသံတမန် မစ္စတာ Hassan-al-Kahataniကို လုပ်ကြံရာမှာ သေနတ်သမား ၄ဦးဟာ မစ္စတာ Hassan-al-Kahatani  ရဲ့ကားဘေးကို မော်တော်ဆိုင်ကယ်တွေနဲ့ ကပ်လာပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပြီး သေနတ်သမားတွေဟာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ကြေငြာခဲ့တယ်လို့ သတင်းရရှိပါတယ် ။
 
 Voice Of Myanmar