သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ကြေငြာလိုက်ကြောင်း သတင်းရရှိပါတယ်၊ အဆိုပါအမိန့်ကို သမ္မတ၏ အမိန့်အမှတ် ၂၈ ဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါအမိန့်တွင် -
မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍
ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို
အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
(ခ)
ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို
သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့
ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည် ဟု ဖေါ်ပြပါရှိကြောင်းသတင်းရရှိပါသည် ။
Voice Of Myanmar