xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတဦးသိန်းစိန် တရုတ်သမ္မတ မစ္စတာ ဟူကျင်တောင် ၊ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကျားပေါင်တို့နှင့် သီးခြားစီတွေ့ဆုံ

Friday, May 27, 2011

သမ္မတဦးသိန်းစိန် တရုတ်သမ္မတ မစ္စတာ ဟူကျင်တောင် ၊ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကျားပေါင်တို့နှင့် သီးခြားစီတွေ့ဆုံ

 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ၃ရက်ကြာချစ်ကြည်ရေးခရီး ရောက်ရှိနေရာ ဒီနေ့မှာ တရုတ်သမ္မတကြီး မစ္စတာ ဟူကျင်းတောင် ၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ် ။




တရုတ်သမ္မတ ဟူကျင်တောင်းကလည်း မြန်မာသမ္မတသစ် ဦးသိန်းစိန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ပြီး ရွေးကောက်ပွဲအပြီး သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံရမှုကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး
ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား နားလည်မှု တိုးမြှင့်ရေးနဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ၂၁ ရာစုနှစ်အတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့လည်း တရုတ်သမ္မတက ပြောဆိုခဲ့ကြောင်းသိရပါတယ် ။





တရုတ်၊ မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ကြားမှာ တည်ငြိမ်မှု ရရှိရေးကို ထိန်းသိမ်းထားဖို့အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောဆို လိုက်ကြောင်းလဲသိရ ပါတယ် ။

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ တရုတ်နိုင်ငံဟာ ယုံကြည် စိတ်ချရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အားထားရတဲ့ အိမ်နီးချင်းကောင်း ဖြစ်တယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar