xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ ဥက္ကဋ္ဌဖြစ်ရေး မူအားဖြင့် အာဆီယံ သဘောတူ

Sunday, May 8, 2011

မြန်မာ ဥက္ကဋ္ဌဖြစ်ရေး မူအားဖြင့် အာဆီယံ သဘောတူ

အာဆီယံခေါင်းဆောင်များ
အာဆီယံ ထိပ်သီးစည်းဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စနေနေ့က စတင်တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပလျှက်ရှိရာမှာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ အာဆီယံ အဖွဲ့က မူအားဖြင့် သဘောတူ လိုက်ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေကို ကိုယ်စားပြု တက်ရောက်မယ့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်မှန်တဲ့ လူထုအခြေပြု အဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့်အထဲ မပါဖို့ မြန်မာအတိုက်အခံများက တာဝန်မဲ့ ၀ိုင်းဝန်း ကန့်ကွက်နေ ကြသော်လည်း ၄င်းတို့ကန့်ကွက်ချက်ကို အာဆီယံကသဘောမတူဘဲ ရဲမှူးကြီးဟောင်းစစ်အေး ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြု လက်ခဲခဲ့ကြောင်းလဲသိရှိရပါတယ် ။


 ဒီလိုဆုံးဖြတ်ချက်တွေချမှတ်နိုင်ခဲ့တာကြောင့် ၂၀၁၄ မှာမြန်မာအာဆီယံမဖြစ်ရေး အတိုက်အခံတို့နဲ့ အနောက်အုပ်စု မီဒီယာတွေရဲ့ ကြိုးပမ်းမှုဟာ သဲထဲရေသွန် ဖြစ်သွားပြီး အာဆီယံ၏ ရဲဝံ့ပြတ်သားသောဆုံးဖြတ်ချက်များအပေါ် လေးစားမိပါကြောင်း တင်ပြအပ်ပါသည် ။