xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဖဂန်စစ်ဆေးရုံတစ်ခုကို တာလီဘန်တို့အသေခံဗုံးခွဲ ၆ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ

Saturday, May 21, 2011

အာဖဂန်စစ်ဆေးရုံတစ်ခုကို တာလီဘန်တို့အသေခံဗုံးခွဲ ၆ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ

 
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် (Kabul) က စစ်ဆေးရုံ တခုမှာ ဒီကနေ့ (မေလ ၂၁ )နေ့ဒေသစံတော်ချိန် ၁၂ နာရီ ၁၀ မိနစ် မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ဆေးကျောင်းသား ၆ ဦးထက်မနည်း သေဆုံးကာ ၂၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။
 
 မိုဟာမက် ဒုခန် (Mohammad Daud Khan) ဆေးရုံက စားသောက်ဆိုင်အဖြစ် အသုံးပြုထားတဲ့ အဆောက်ဦတစ်ခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့ဖြစ်ပြီး တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ဆေးရုံအတွင်းကို အသေခံတိုက်ခိုက်ရေးသမား ၂ဦးဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်ဦးက အခုလို အသေခံတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကြေငြာပါတယ် ။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ဆေးရုံအနီးတစ်ဝိုက်ကို အာဖဂန် စစ်တပ်က လုံခြုံရေးချထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ် ။

တာလီဘန်တို့ကတော့ ၄င်းတို့၏ ခေါင်းဆောင် အိုစမာဘင်လာဒင် သေဆုံးမှုအတွက် လက်စားချေ တဲ့အနေနဲ့  တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အာဖဂန်အစိုးရ ၊ အမေရိကန်နဲ့ နေတိုး စစ်အုပ်စု ကိုပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ကြေငြာထားပါတယ်။

Voice Of Myanmar