xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗိုလ်မှူးကြီးကဒါဖီ၏ စစ်ရေယာဉ်များအား နေတိုးလေကြောင်းမှတိုက်ခိုက်

Friday, May 20, 2011

ဗိုလ်မှူးကြီးကဒါဖီ၏ စစ်ရေယာဉ်များအား နေတိုးလေကြောင်းမှတိုက်ခိုက်

 
လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီရဲ့ ရေတပ်သင်္ဘော ၈ စင်းကို အမေရိကန်ဦးဆောင် တဲ့ နေတိုးစစ်အုပ်စုရဲ့ စစ်လေယာဉ်တွေက သောကြာနေ့မှာ ဗုံးကြဲတိုက်ခိုက် ခဲ့ကြ ကြောင်း ဘရပ်ဆဲက လာတဲ့ ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြလိုက်ပါတယ် ။

လစ်ဗျားအစိုးရတပ်ဖွဲ့တွေ ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်လျှက် ရှိကြောင်းနဲ့ ထရီပိုလီ မြို့ ရှိဆိပ်ကမ်းတွေကို သောကြာနေ့ညမှာတိုက်ခိုက်ခဲ့ကြောင်း လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ စစ်ရေယာဉ် ၈ စင်းကို တိုက်ခိုက်ခဲ့ကြောင်း လစ်ဗျားစစ်ဆင်ရေး ဒုတိယခေါင်းဆောင် ရေတပ် ဗိုလ်ချုပ်ကြီး  Russell Harding ကပြောကြားလိုက်ပါတယ် ။

 သောကြာနေ့အစောပိုင်းကလဲ နေတိုးစစ်လေယာဉ်တွေဟာ လစ်ဗျားထောက်လှမ်းရေး ဌာန အဆောက် အဦ ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးကြောင်း သိရှိရပါတယ် ။

နေတိုးစစ်လေယာဉ်တွေဟာ စစ်ဘက်ပစ်မှတ်များအပြင် ထရီပိုလီမြို့ရဲ့ ရေပေးရေးစံနစ်များ ၊ လျှပ်စစ် မီးပေးဝေရေးစံနစ်များ ၊ ကဒါဖီတပ်ဖွဲ့များနေသည်ဟု ယူဆသော အရပ်ဘက်အဆောက်အဦး အမြောက်အများကိုပါ နေ့စဉ်တိုက်ခိုက်နေသဖြင့် အရပ်သား အမြောက်အများသေဆုံးကာ လစ်ဗျား ပြည်သူများ ဟာ စစ်ဘေးဒဏ်သင့် ပြီး စားဝတ်နေရေး အပြင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများအထူးပင်လိုအပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
နေတိုးတာဝန်ရှိသူတွေကတော့ သူတို့ခုလိုတိုက်နေတာ အရပ်သားတွေလုံးဝမထိပါဘူးလို့ ဗြောင်ပဲ လိမ်နေပါတယ် ။ ဒီအောက်ကပုံတွေကတော့ နေတိုး စစ်အုပ်စု ဗုံးကြဲလို့သေဆုံးသွားသူတွေကို ကဒါဖီကို ထောက်ခံသူတွေက နာရေးအခမ်းအနား လုပ်နေတဲ့ပုံတွေပါ ။


 







အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်ပါရန် တင်ပြအပ်ပါသည်။ 
Voice Of Myanmar