xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်အတွက် အယ်လ်ခိုက်ဒါတို့လက်စားချေ ပါကစ္စတန်တွင် တိုက်ခိုက်မှု ၂ ခုတွင်း ၈၀ သေဆုံး

Friday, May 13, 2011

ဘင်လာဒင်အတွက် အယ်လ်ခိုက်ဒါတို့လက်စားချေ ပါကစ္စတန်တွင် တိုက်ခိုက်မှု ၂ ခုတွင်း ၈၀ သေဆုံး

 
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဒေသက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀ ထက်မနည်း ရှိခဲ့ ပြီး ၁၂၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ဆင်ဟွာသတင်း တစ်ရပ်အရသိရှိ ရပါတယ် ။

ပါကစ္စတန်မှာရှိတဲ့ တာလီဘန် အဖွဲ့ကတော့ အယ်လ်ခိုင်းဒါး (Al Qaida)  ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီကနေ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ ပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘယ်လိုပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်ဆိုတာ မဖေါ်ပြပေမဲ့ အမေရိကန်နဲ့ နေတိုးစစ်အုပ်စု တို့ကို ပစ်မှတ်ထား တိုက်ခိုက်သွားဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်နေကြပါတယ်။

ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်က စစ်လေ့ကျင့်ရေး စခန်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေထဲက အများစုဟာ သင်တန်းပြီးကာစ ဗိုလ်လောင်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်  ခေတ္တ ခွင့်ရတဲ့အချိန် အိမ်ပြန်ကြမယ့် အရာရှိလောင်းတွေ ကားပေါ်တက်နေတုန်းမှာ ခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။


ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီ က  ဘင်လာဒင်အား အမေရိကန်တို့ တိုက်ခိုက် ခဲ့မှုအတွက် လက်ရှိအစိုးရကို စုံစမ်းရေးကော်မရှင် ဖွဲ့စီးပြီး အမေရိကန်တို့က မိမိတို့နိုင်ငံ၏ အချုပ်ခြာကိုထိပါးစော်ကားမှုကို ဖေါ်ထုတ်သွားကြရန် တိုက်တွန်းဖိအားပေးသည့် ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါတယ် ။

မေလ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘင်လာဒင်အားတိုက်ခိုက်သည့် စစ်ဆင်ရေးပြုလုပ်ရာတွင် အမေရိကန်တို့သည် ပါကစ္စတန်နိုင်ငံပိုင် နယ်မြေထဲသို့ ပါကစ္စတန်အစိုးရခေါင်း ဆောင်များအပါအ၀င် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမရှိဘဲ စစ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးအားလုံးပြီးမှ အမေရိကန်သမ္မတ က ပါကစ္စတန် သမ္မတထံ ဖုန်းဖြင့်အကြောင်း ကြားခဲ့ မှုအပေါ် ကမ္ဘာတစ်ဝှမ်းမှ ကန့်ကွက်နေကြသော်လည်း ကုလသမဂ္ဂ ကမူထူးခြားစွာ  နှုတ်ဆိတ်နေ ကြောင်းသတင်းရရှိပါသည် ။

Voice Of Myanmar