xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ

Monday, May 30, 2011

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ

 
ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရသူ ဗိုလ်ချုပ်ကြီးဟောင်း ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြ ပြည်သူတွေက ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေကလည်းအကြမ်းဖက် နှိမ်နင်းခဲ့တယ်လို့ သိရပါတယ်။

 
မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲ အပြီးမှာခုထိုထိပ်တိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။ မျက်မြင်သက်သေတွေကတော့ ဖမ်းဆီးမှုဟာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ပြောကြပါတယ် ။



 
 ရဲ ၁ ယောက်နဲ့ လူ ၃ ယောက်ကို အရေးပေါ်ကို ပို့ခဲ့ရပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ရှိမယ့် ဆန္ဒပြပွဲမှာ မလာဒစ်ရှ်ရဲ့ ဇနီးနဲ့ သားတို့လည်း ပါဝင် ဆန္ဒပြကြပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေးပေါင်း ၈,၀၀၀ လောက်အထိကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး မလာဒစ်ရှ်ကို စွပ်စွဲထားတာဖြစ်ပါတယ်။
 
 
ဒီအမှုမှာ သူ့အဖေနဲ့ လုံးဝ မပတ်သက်ပါဘူးလို့ မလာဒစ်ရှ်ရဲ့သားက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။သူ့ဖခင်ဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်သူတွေ အများကြီးကိုတောင် ကယ်ဆယ်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သူ့အဖေမသိဘဲ ဖြစ်ခဲ့တာလို့ ဒရေကို မလာဒစ်ရှ် (Drako Mladic) က ပြောကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar