xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပါကစ္စတန် လေတပ်စခန်းအား တာလီဘန်တို့ တိုက်ခိုက် ၉ဦးသေဆုံး ၊ စစ်လေယာဉ်အများအပြားပျက်စီး

Monday, May 23, 2011

ပါကစ္စတန် လေတပ်စခန်းအား တာလီဘန်တို့ တိုက်ခိုက် ၉ဦးသေဆုံး ၊ စစ်လေယာဉ်အများအပြားပျက်စီး


ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကို လက်နက်ကိုင်များ က တနင်္ဂနွေနေ့ည ၁၀း ၃၀ မှာတိုင်ခိုက်ခဲ့ရာ စစ်သည် ၃ဦးအပါအ၀င် အနည်းဆုံး ၉ ဦးသေဆုံးခဲ့ကြောင်း အူရဒူဘာသာနဲ့ထုတ်လွှင့်တဲ့ ARY ရုပ်သံထုတ်လွှင့်မှုကိုကိုးကားပြီး အစ္စလမ်မာဘတ်က လာတဲ့ ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။

ဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံလုပ် P.3.C Orion လေယာဉ်များအပါအ၀င် အခြား စစ်လေယာဉ်အများအပြားလဲ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ် ။



P.3.C Orion ဆိုတာဒီလိုလေယာဉ်မျိုးပါ 


အစောပိုင်းရရှိတဲ့သတင်းတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ နိုင်ငံခြားသား ၄ ဦးသေဆုံးကြောင်း ၄င်းတို့မှာ အမေရိကန်လူမျိုး အင်ဂျင်နီယာများဖြစ်ကြောင်းဖေါ်ပြခဲ့ကြပေမဲ့ အမေရိကန်သံရုံးပြောခွင့်ရသူကတော့ ဒီသတင်းကို ငြင်းဆိုသွားပါတယ် ။




ဒီတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် တနင်္ဂနွေည ၁၀း၃၀ မှာဖြစ်ခဲ့တာဖြစ်ပြီး  လေတပ်အခြေစိုက် စခန်းထဲမှာ ပေါက်ကွဲ သံကြီး ၃ခုကို ပထမကြားရပြိးနောက်မှာ ဆက်တိုက်ဆိုသလို လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတာဖြစ်ကြောင်း သိရပါတယ် ။

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဟာ ပေါက်ကွဲမှုဖြစ်ပြီး ချက်ချင်းဆိုသလို လေတပ်အခြေစိုက်စခန်းကို ပိတ်ပစ်လိုက်ပြီး မီဒီယာသမားများ၊ ကယ်ဆယ်ရေးယာဉ်များ ၊ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး ကားများ အပါအ၀င် တစ်စုံတစ်ဦးကိုမှ အခင်းဖြစ်ပွားရာနေရာကိုပေးမ၀င်တဲ့ အတွက် အထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ခုချိန်ထိ တိတိ ကျကျ မသိရသေးပါဘူး။



 
ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Rehman Malik ကတော့နောက်ပိုင်းမှာကရာချိ လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရတာမှန်ကန်ကြောင်း သတင်းမီဒီယာတွေကိုပြောပါတယ် ။

ဒေသဆိုင်ရာ သတင်းမီဒီယာတွေရဲ့အဆိုအရ တိုက်ခိုက်သူ လက်နက်ကိုင်တွေဟာ ၁၀ ယောက်မှ ၁၅ ယောက်ခန်ပအထိရှိကြောင်း ၄င်းတို့ဟာ မောင်းပြန်သေနတ်များ ၊ ရော့ကက်လောင်ချာများ ၊ လက်ပစ်ဗုံးများကို ကိုင်ဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံးပေါက်ကွဲမှု ၉ ခုလောက်အထိဖြစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

ပါကစ္စတန်ရှိတာလီဘန်တွေကတော့ ၄င်းတို့ခေါင်းဆောင် အိုစမာဘင်လာဒင်အတွက် လက်စားချေ တိုက်ခိုက်မှုတွေလုပ်မှာဖြစ်ကြောင်းကြေငြာထားခဲ့ပြီး အခုတိုက်ခိုက်မှုဟာလည်း သူတို့လက်ချက်ဖြစ်တယ် လို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ် ။




Voice Of Myanmar