NATO ရဲ့စက်သုံးဆီသယ် ယာဉ်တန်းများကို မေလ ၂၁ ရက်နေ့မှာ ၂ နေရာခွဲပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ အစ္စလမ်မာဘတ်ကလာတဲ့ သတင်းတစ်ရပ်အရ သိရှိရပါတယ် ။
ပါကစ္စတန်ရှိ တာလီဘန်တို့ကအမေရိကန်နဲ့ နေတိုးပစ်မှတ်တွေကို အရှိန်မြှင့်
တိုက်ခိုက်သွား မှာဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ဆက်တိုက်ဆိုသလို ခုလိုတိုက်ခိုက်မှုတွေ ဖြစ်လာတာလည်းဖြစ်ပါတယ် ။ဒါပေမယ့် အခုတိုက်ခိုက်မှုဟာ မည်သူမည်ဝါတို့၏ လက်ချက်ကြောင့်ဆိုသည်ကိုမူ ခုသတင်းရေးသားချိန်ထိ အတည်မပြုနိုင်သေးကြောင်းသိရပါတယ် ။
မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ ပေါက်ကွဲမှုဟာ Khyber မျိုးနွယ်စုတွေနေထိုင်ရာ Khugakhel ဒေသက နေတိုးစက်သုံးဆီယာဉ်တန်း များခေတ္တ နားခိုရာ ကားပါကင်တစ်ခုမှာ မှာခုလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကနေ ဘေးကို ဖိတ်ကျလာတဲ့ စက်သုံးဆီတွေကနေ မီးလောင်ကျွမ်းမှု ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာဖြစ်ကြောင်း သိရှိရပါတယ်။
Voice Of Myanmar