xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: V 750 အမျိုးစား မောင်းသူမဲ့ရဟတ်ယာဉ် တရုတ်မိတ်ဆက်

Saturday, May 7, 2011

V 750 အမျိုးစား မောင်းသူမဲ့ရဟတ်ယာဉ် တရုတ်မိတ်ဆက်

 
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်လုပ်တဲ့ V750 အမျိုးအစား မောင်းသူမဲ့ ရဟတ်ယာဉ် တစ်မျိုးကို ဒီကနေ့ မှာ အများပြည်သူသို့ ထုတ်ဖေါ်ပြသခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရသိရှိရပါတယ် ။တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ ဒီကနေ့ မေလ ၇ ရက်နေ့မှာ စမ်းသပ်ပျံသန်းပြသခဲ့တာဖြစ်ပါတယ်။
 


 
ဒီမောင်းသူမဲ့ရဟတ်ယာဉ်ဟာ အလေးချိန် ၇၅၇ ကီကိုဂရမ်ရှိပြီး အများဆုံးကုန်ချိန် ၈၀ ကို တင်ဆောင်ပျံသန်းနိုင်ပါတယ် ၊ တရုတ်တို့ရဲ့ ဒီ V750 အမျိုးအစား မောင်းသူမဲ့ရဟတ်ယာဉ်ဟာ အမြန်ဆုံး တနာရီကို ၁၆၁ ကီလိုမီတာ နှုန်းနဲ့ပျံသန်းနိုင်ပြီး အဝေးဆုံး ကီလိုမီတာ ၅၀၀ ထိ တစ်ဆက်တည်းပျံသန်းနိုင်ပါတယ် ၊ ပျံသန်းမှုကို အဝေးထိန်းစံနစ်နဲ့ ထိန်းချုပ်နိုင်ပြီး အချင်းဝက် ၁၅၀ ကီလိုမီတာ အတွင်းမှာဆိုရင်တော့ ပျံသန်းမှုကို အလိုအလျှောက်ထိန်းချုပ်ပျံသန်းနိုင်တဲ့ စံနစ်လည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်၊ ဒီရဟတ်ယာဉ်ဟာ အမြင့် ကီလိုမီတာ ၃၀၀၀ ထိပျံတက်ပြီး လိုရာကိုမောင်းနှင်နိုင်တယ်လို့ သိရှိရပါတယ်။