xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆီးရီးယားနိုင်ငံအပေါ် လစ်ဗျားကဲ့သို့အရေးယူမှုမျိုး မထောက်ခံကြောင်း ရုရှားသမ္မတ သတိပေးပြောကြား

Wednesday, May 18, 2011

ဆီးရီးယားနိုင်ငံအပေါ် လစ်ဗျားကဲ့သို့အရေးယူမှုမျိုး မထောက်ခံကြောင်း ရုရှားသမ္မတ သတိပေးပြောကြား

ရုရှားသမ္မတ Dmitry Medvedev
 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယားနိုင်ငံအပေါ် အရေးယူဆောင်ရွက်ရေး အမေရိကန်ဦးဆောင် တဲ့ နေတိုးစစ်အုပ်စုတွေရဲ့ ကြိုးပမ်းမှုကို ရုရှားအနေနဲ့ ထောက်ခံမှာမဟုတ်ကြောင်း ရုရှားသမ္မတ Dmitry Medvedev က မေလ ၁၈ ရက်နေ့မှာ သတိပေး ပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ် ။

လစ်ဗျားနိုင်ငံလို အရေးယူမှုမျိုးနဲ့ အလားတူအရေးယူမှုတွေကို သူ့အနေနဲ့ထောက်ခံတော့မှာမဟုတ်ဘူး လို့ ရုရှားသမ္မတက ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြား လိုက်တာဖြစ်ပါတယ် ။ သို့သော် လည်း ဗီတိုအာဏာသုံးမသုံး ကိုတော့ သူ့အနေနဲ့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး ။



ဒါဟာ ရုရှားအနေနဲ့ ဆီးရီးယားပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံတကာ တပ်တွေပါဝင်ပတ်သက်မှာ ကိုမလိုလားကြောင်း ပြသလိုက်တာလည်းဖြစ်ပါတယ်။ ဆီးရီးယားသမ္မတ အာဆတ်အနေနဲ့ သူ့ရဲ့ကတိတွေကို အကောင်အထည်ဖေါ်ဘို့ အခွင့်အရေးပေးသင့်တယ်လို့ ရုရှားသမ္မတက တိုက်တွန်းလိုက်ပါတယ် ။ ရုရှားသမ္မတအနေနဲ့  ၃ နှစ်အတွင်းမှာ အကြီးဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာဖြစ်ကြောင်းသတင်းရရှိပါတယ် ။



Voice Of Myanmar