xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်ဖမ်းဆီးရေး အမေရိကန်ဥပဒေမဲ့လုပ်ရပ် ပါကစ္စတန်လွှတ်တော်က ရှုတ်ချကြောင်းကြေငြာ

Sunday, May 15, 2011

ဘင်လာဒင်ဖမ်းဆီးရေး အမေရိကန်ဥပဒေမဲ့လုပ်ရပ် ပါကစ္စတန်လွှတ်တော်က ရှုတ်ချကြောင်းကြေငြာ

ပါကစ္စတန်နိုင်ငံထဲကို ဥပဒေမဲ့ ၀င်ရောက်ကျူးကျော်ပြီး အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို စီးနင်းသုတ်သင်တဲ့ ကိစ္စအတွက် အမေရိကန်နိုင်ငံကို ပါကစ္စတန် လွှတ်တော်က ရှုတ်ချ ကြောင်းကြေငြာလိုက်ပါတယ်။

သောကြာနေ့က လုပ်ခဲ့တဲ့ ပါကစ္စတန် လွှတ်တော်နဲ့ အမျိုးသား စုံညီအစည်းအဝေးမှာ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေကို ဥပဒေပြု အဖွဲ့တွေက မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။တံခါးပိတ် အစည်းအဝေး အပြီးမှာ လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။

ပါကစ္စတန်ရဲ့ အဓိကအတိုက်အခံပါတီခေါင်းဆောင်တစ်ဦးက " ကုလသမဂ္ဂရဲ့ ပဋိဥာဉ် မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ  တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားရမယ် ၊ နောက်ပြီး နိုင်ငံကြီးကြီးသေးသေး အင်အားရှိရှိ မရှိရှိ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံတန်းတူ ရည်တူဆက်ဆံရမယ်ဆိုတာ အတိအလင်း ပြဌာန်းထားပြီးသားပဲ ဒါကိုဒီမိုကရေစီရှိပါတယ်ဆိုတဲ့ လက်နက်အင်အားကြီး နိုင်ငံကြီးတွေက မလိုက်နာရင် ဘာမှမဖြစ်ဘူး လက်နက်အင်အားမရှိတဲ့နိုင်ငံတွေ အဲဒီအင်အားကြီးတွေနဲ့ မဟာမိတ်မဖြစ်တဲ့  နိုင်ငံတွေက မလိုက်နာရင် ၀ိုင်းပြီးအရေးယူမယ် အဲဒီနိုင်ငံကအကြီးအကဲကို နိုင့်ထက်စီးနင်းလုပ်မယ်ဆိုတာတွေက ဒီနေ့ကမ္ဘာမှာ နေရာ အနှံအပြားဖြစ်နေတယ် ခုကျွန်တော်တို့နိုင်ငံမှာပါ ဒါမျိုးဖြစ်နေပြီ ဒါကို ကမ္ဘာက သိစေချင်တယ် ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးဆောင်ရွက်ဘို့ ကျွန်တော်တို့ ဆောင် ရွက်နေတာပါ "  ဟုပြောကြားသွားပါသည်။


လက်ရှိပါကစ္စတန်အစိုးရဟာ အယ်လ်ခိုက်ဒါခေါင်းဆောင် နိုင်ငံအတွင်းနှစ် ရှည်လ များ နေထိုင် ခိုအောင်းခဲ့မှုတွင် တာဝန်ရှိမှု ၊ အမေရိကန်၏ ဥပဒေမဲ့လုပ်ရပ်အပေါ်နှုတ်ဆိတ်နေမှုအတွက် အတိုက်အခံများနှင့် ပြည်သူများ၏ ဖိအားပေးမှု ၊ တာလီဘန်တို့၏ လက်စားချေ တိုက်ခိုက်မှုများ စတဲ့ဖိအားအမြောက်အများကို ရင်ဆိုင်နေရကြောင်းသတင်းရရှိပါတယ် ။

Voice Of Myanmar