xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းသားစုစုပေါင်း၏ ၄ပုံ ၁ ပုံခန့်လွတ်မြောက်လာ

Tuesday, May 17, 2011

အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းသားစုစုပေါင်း၏ ၄ပုံ ၁ ပုံခန့်လွတ်မြောက်လာ


အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူများ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ( ၂၈/၂၀၁၁) ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၄,၆၀၀ ကို ဒီကနေ့ကစပြီး လွှတ်ပေးလိုက်ပြီလို့ အကျဉ်းဦးစီးဌာနက ပြောဆိုလိုက်ကြောင်း ၊ အခု လွှတ်ပေးမယ့် စာရင်းထဲမှာ အမျိုးသမီး ၂,၁၆၆ ယောက် ပါဝင်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး  AP သတင်းတစ်ရပ်မှာ ဖော်ပြလိုက်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာတစ်ခုတည်းမှာပင်  အကျဉ်းကျနေသူ ၈,၀၀၀ ကျော်အနက် ၂,၆၀၀ ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျခံရမယ့်သူ ၃၄၈ ယောက်ကို တသက်တကျွန်း ပြစ်ဒဏ် ကို လျှော့ပေါ့ပေးလိုက်ကြောင်းသိရှိရပါတယ် ။

အကျဉ်းဦးစီးဌာန၏ အခါအားလျော်စွာထုတ်ပြန်ခဲ့သောစာရင်းများအရ မြန်မာနိုင်ငံတ၀န်းမှာ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုရှိပြီး အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော်ရှိသည့်အနက် ယနေ့လွှတ်ပေးလိုက်သောအရေအတွက်မှာ မြန်မာတစ်နိုင်ငံလုံး အကျဉ်းသားစုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံခန့်ရှိကြောင်း သိရှိရပါသည်။