xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: CIA စပိုင် ၃၀ ဦး အီရန်ထောက်လှမ်းရေး ဖမ်းဆီးဖေါ်ထုတ်

Sunday, May 22, 2011

CIA စပိုင် ၃၀ ဦး အီရန်ထောက်လှမ်းရေး ဖမ်းဆီးဖေါ်ထုတ်

Iran's Intelligence Minister Heydar Moslehi speaks with journalists in Tehran May 21, 2011.
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ ( CIA ) ၏ထောက်လှမ်းရေး ကွန်ယက်ကြီးတစ်ခုကို စုံစမ်းဖေါ်ထုတ် ဖြိုခွင်းနိုင်ခဲ့ကြောင်း နဲ့ ဆက်စပ်ပတ်သက်နေသူ ၃၀ ဦးကိုဖမ်းဆီးခဲ့ကြောင်း အီရန်ထောက်လှမ်းရေးဌာနကစနေနေ့မှာ  ကြေငြာခဲ့ကြောင်းသတင်းရရှိ ပါတယ် ။

ဖမ်းဆီးခဲ့တဲ့ စပိုင် ၃၀ ဦးဟာ အမေရိကန် စီအိုင်အေ ကွန်ယက် ၄၂ ခုနဲ့ ဆက်စပ်ပြီး သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေကို အခိုင်အမာတွေ့ခဲ့ရတယ်လို့ အီရန် ထောက်လှမ်းရေးဌာန ကပြောပါတယ် ။

ထောက်လှမ်းရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် က ဆက်လက်ပြောကြားရာမှာ အမေရိကန်နဲ့ ဆက်စပ်နေတဲ့ သူလျှိုတွေဟာ အီရန်လူမျိုးတွေ အထူးစိတ်ဝင်စားတဲ့အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းတွေ ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ အေဂျင်စီတွေ ၊ အမေရိကန် ပြည်ဝင်ခွင့်ရရှိရေး အကျိုးဆောင်လုပ်ငန်းတွေမှာ မြှုတ်နှံပြီး သူလျှိုလုပ်ငန်းတွေကို လုပ်ဆောင်နေ တာဖြစ်ကြောင်း ပြောကြားသွားပါတယ် ။



ဒီကွန်ယက်ဟာ နိုင်ငံတော်တော်များများက အမေရိကန်သံရုံးတွေ ၊ ကောင်စစ်ဌာနတွေ ရဲ့ ဒေတာဘေ့စ်တွေ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးပြီးထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ကြောင်း အထူးသဖြင့်တော့ UAE မလေးရှားနဲ့ တူရကီနိုင်ငံတွေဖြစ်ပါကြောင်း ၊ အမေရိကန်သူလျှိုတွေဟာ အီရန်နိုင်ငံရဲ့ သိပ္ပံပညာဆိုင်ရာ အချက်အလက်များ ၊ ညူကလီးယား စွမ်းအင်ဆိုင်ရာ သုတေသန အချက်အလက်များ ၊ သတင်း အချက်အလက်များ ၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းနေတာဖြစ်ပါကြောင်း အီရန်ထောက်လှမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြ ထားပါတယ် ။
 
 ဒါ့အပြင် အမေရိကန်သူလျှိုတွေဟာ အီရန်ရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုင်ရာ အချက်အလက်တွေ ၊ စွမ်းအင်နဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေ ၊ အကောက်ခွန်ဌာနက အချက်အလက်တွေ ၊ ဘဏ်တွေရဲ့ အချက်အလက်တွေကိုပါ စုံစမ်းထောက်လှမ်းနေတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ် ။


Voice Of Myanmar