xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: IMF အကြီးအကဲ လိင်အကြမ်းဘက်မှုဖြင့် အဖမ်းခံရ

Sunday, May 15, 2011

IMF အကြီးအကဲ လိင်အကြမ်းဘက်မှုဖြင့် အဖမ်းခံရ

 
IMF ခေါ်အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့၏အကြီးအကဲ Dominique Strauss-Kahn ကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား လိင်အကြမ်းဖက်မှုဖြင့် နယူးယောက်မြို့တွင် စနေနေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည် ။

The New York Times နှင့် New York Post သတင်းစာများ၏အဆိုအရ ၄င်းကို ကနေဒီ လေဆိပ် ကနေပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုထွက်ခွာမယ့် လေယာဉ်ပေါ်ကနေ လေယာဉ်ထွက်ခွာခါနီး ၂ မိနစ်အလို မှာ လေဆိပ်အာဏာပိုင်တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ခုလိုဖမ်းဆီးလိုက်တာဖြစ်တယ် လို့ဆိုပါတယ်။သူ့ကိုဖမ်းဆီးသွားစဉ်မှာတော့ လက်ထိပ်ခတ်တာ မျိုးတော့ မလုပ်ခဲ့ဘူးလို့မျက်မြင်သက်သေများကပြောကြားကြောင်း တိုင်းမ် သတင်းမှာဖေါ်ပြပါတယ် ။

မစ္စတာ Strauss-Kahn ဟာ အသက် ၆၂ နှစ်အရွယ်ရှိပြီး ပြင်သစ်ဆိုရှယ်လစ်ပါတီ ရဲ့အကြီးအကဲဖြစ်ကာ လာမယ့် ၂၀၁၂ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိပြင်သစ်သမ္မတ ဆာကိုဇီ ရဲ့ အဓိကပြိုင်ဘက်လည်းဖြစ်ပါတယ် ။ သူဟာ နယူးယောက်ဖွား ဂျာနယ်လစ်တစ်ဦးဖြစ်သူ  Anne Sinclair နဲ့လက်ထပ်ခဲ့ပါတယ် ။ ၂၀၀၇ ခု နိုဝင်ဘာလ မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ရဲ့ အကြီးအကဲဖြစ်လာခဲ့သူဖြစ်ပါတယ် ။

 IMF ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ဟာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အချက်အလက်များအား အစိုးရမှတရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများ ကိုအသုံးပြုမှီငြမ်းခြင်း မရှိပဲ ပြည်တွင်းအတိုက်အခံများ ၊ ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်သူများ များထံမှ အချက်အလက်များရယူကာ မြန်မာအစိုးရအား ပြစ်တင်အဆိုးမြင်သည့် အစီရင်ခံစာများ မကြာခဏ ထုတ်ပြန်လေ့ရှိသော အဖွဲ့ဖြစ်ပြီး အခုလိင်အကြမ်းဘက်မှုဖြင့် ဖမ်းဆီးခံရသူမှာ ထိုအဖွဲ့၏ အကြီးအကဲဖြစ်ပါသည်။

Voice Of Myanmar