xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: (IMF) အကြီးအကဲ ဘယ်သူဖြစ်လာမလဲ

Thursday, May 19, 2011

(IMF) အကြီးအကဲ ဘယ်သူဖြစ်လာမလဲ

(IMF) ရဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း ဒိုမိနစ်ခ် စထရော့စ်ခန်း

ဟော်တယ်ဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ရာထူးက နှုတ်ထွက်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ် ။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က အချုပ်မှာ ထိန်းသိမ်းခံထားရတဲ့ IMF အကြီးအကဲဟောင်းကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း သက်သေပြသွားဖို့ အချိန်တွေ၊ ခွန်အားတွေ အားစိုက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် တရားရုံးကတော့ သူ့အမှုကို အာမခံပေးဘို့ငြင်းဆိုလိုက်ပါတယ် ။

သူ တာဝန်ကနေ ထွက်သွားပြီး နောက်မှာတော့ ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးအရ သြဇာကြီးမားတဲ့ အဖွဲ့ကို ဘယ်သူက ဆက်လက် ဦးဆောင်သွားမလဲ ဆိုတဲ့အပေါ်မှာ အချေအတင် ဆွေးနွေး စရာတွေဖြစ်ပေါ်လာနေပေမယ့် အစဉ်အလာအားဖြင့် IMF အကြီးအကဲနေရာကို အီးယူနိုင်ငံတွေက  တဦးဦးကိုသာ ခန့်အပ်လေ့ ရှိပြီး ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲကိုတော့ အမေရိကန် နိုင်ငံကသာ အမြဲရယူထားတာဖြစ်ပါတယ် ။


ဥရောပမှာ ကြုံနေရတဲ့ ကြွေးမြီပြဿနာတွေကို ဖြေရှင်းရာမှာ IMF အဖွဲ့ဟာ အဓိက ကဏ္ဍက ပါဝင်နေတာမို့ ဥရောပရေးရာတွေကို နားလည် သဘောပေါက်သူ တဦးက ဆက်လက် ဦးဆောင်သွားဖို့ အရေးကြီးတယ်လို့လည်း ဥရောပအစိုးရ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒီအဆိုကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပြီး  IMF ရဲ့ အကြီးအကဲအသစ်ကို ဘက်မလိုက်ဘဲ ပွင့်လင်းမြင်သာမှုရှိတဲ့ အရည်အချင်းတွေနဲ့ ရွေးချယ်သင့်တယ်လို့တောင်းဆိုထားပါတယ်။

 IMF အကြီးအကဲအဖြစ် အိန္ဒိယ၊ စင်ကာပူ၊ တူရကီ၊ တောင်အာဖရိကနဲ့ တခြားနိုင်ငံက ကိုယ်စားလှယ်တွေကို လျာထားတယ်လို့ လတ်တလော သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါတွေဟာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေရဲ့ ဒီမိုကရေစီရှိသယောင် လှည့်စားမှုများသာဖြစ်ပြီး နောက်ဆုံး မှာတော့  ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂါ့ဒ် (Christine Lagarde) သာ ဒီရာထူး ကိုရယူသွားဘွယ်ရှိတယ်လို့ အကဲခတ်များက သုံးသပ်ပြောကြားလျက် ရှိကြောင်းသတင်းရရှိပါတယ်။ 
 
Voice Of Myanmar