xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကမ္ဘာတစ်လွှား ဘင်လာဒင်အတွက် ဆုတောင်းပွဲများ

Friday, May 6, 2011

ကမ္ဘာတစ်လွှား ဘင်လာဒင်အတွက် ဆုတောင်းပွဲများ

အိုစမာဘင်လာဒင်သေဆုံးသွားတဲ့အတွက် ငြိမ်းချမ်းရေးကိုလိုလားသူအားလုံး ၀မ်းသာရမယ့်နေ့ဖြစ်တယ်လို့ အမေရိကန်သမ္မတ ကပြောဆိုလိုက်ပြီး အနောက်အုပ်စုမီဒီယာတွေမှာ အိုစမာဘင်လာဒင်သေဆုံးသွားလို့ ၀မ်းသာနေကြပုံတွေကို တခမ်းတနား ၀မ်းပမ်းတသာဖေါ်ပြနေချိန်မှာပဲ ဒီလိုအောက်က အဖြစ်မျိုးတွေ ရှိနေတယ်ဆိုတာကိုတော့ လူသိနည်းလှပါတယ် ။ Voice Of Myanmar ပရိတ်သတ်ကြီးသိရှိနိုင်ပါရန် တင်ပြအပ်ပါသည် ။ ဒီအောက်ကပုံတွေအကုန်လုံးဟာ ဒီနေ့ မေလ ၆ရက်နေ့ တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။

ကက်ရှမီးရားဒေသက Srinagar မြို့မှာ ဘင်လာဒင်အတွက် ဆုတောင်းပေးနေကြသူတွေပါ


ဒါလည်း ကက်ရှမီးရားဒေသက Srinagar မြို့မှာ အိုစမာဘင်လာဒင် ဆုတောင်းပွဲတက်ရောက်လာသူ တစ်ဦးက အမေရိကန်ကျဆုံးပါစေ အိုဘားမားကျဆုံးပါစေ ဆိုပြီး ဒေါသတကြီးအော်ဟစ် ကြွေးကြော်နေပုံပါ

အိုစမာဘင်လာဒင်အတွက် ဆုတောင်းပေးနေကျသူအချို့ပါ


ဒါကတော့ ဖိလစ်ပိုင်နိုင်ငံက အမေရိကန်သံရုံးရှေ့မှာရာနဲ့ချီတဲ့ မွတ်ဆလင်လူမျိုးတွေက အမေရိကန်နဲ့ အိုဘားမားအစိုးရကို ဘင်လာဒင်သေဆုံးမှုနဲ့ ဒီနေ့ (မေလ ၆ ရက်)မှာ မကြေမနပ် ဆန္ဒပြနေတဲ့ပုံပါ


ဒါလဲ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ The Golden Mosque ရှေ့မှာဒီနေ့ (မေလ ၆ ရက်)နေ့လည်ပိုင်းက အိုစမာဘင်လာဒင်ကိုထောက်ခံသူများက  အမေရိကန်ဆန့် ကျင်ရေး ကြွေးကြော်သံတွေ သံပြိုင် အော်ဟစ်နေကြပုံပါ


ဒါကတော့ ကလကတ္တားမြို့က ဘင်လာဒင်အတွက် ဆုတောင်းပေးနေသူများပါ


ဒါကတော့ အာဖဂန်နစ်စတန်နိုင်ငံ ကဘူးမြို့မှာပါ 


ဒါလဲ အာဖဂန်နိုင်ငံ ကဘူးမြို့တော်က နောက်ထပ်ဘုရားကျောင်းတစ်ခုမှာ မှာ ဘင်လာဒင်အတွင်ဆုတောင်းပေးနေကြသူတွေပါ


ဒါကတော့ ပါကစ္စတန်နိုင်ငံမှာပါ အမေရိကန်တို့ သေဆုံးပါစေ ဆိုပြီးအော်ဟစ်ဆန္ဒပြနေတာပါ


အလားတူပဲ ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံတော်တော်များများမှာ အိုစမာဘင်လာဒင်ကို ထောက်ခံကြသူ အစ်စလမ် ဘာသာဝင်တွေဟာ ဒီကနေ့မှာ သောကြာညနေ၀တ်ပြုဆုတောင်းပွဲတွေကို အသီးသီးကျင်းပခဲ့ကြပါတယ် ဒီအထဲမှာ စစ်ဖြစ်နေတဲ့ လစ်ဗျာနိုင်ငံတောင် ပါလိုက်ပါသေးတယ် ။


ဒါ လစ်ဗျားနိုင်ငံက ဘင်ဂါဇီမြို့မှာပါ 


ဒီကမ္ဘာတစ်လွှားက လူတွေအားလုံးရဲ့ တူညီတဲ့ကြွေးကြော်သံကတော့ အမေရိကန်ကျဆုံးပါစေ အိုဘားမား ကျဆုံးပါစေ ဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် တူညီနေကြတာပါဘဲ...သူတို့အဆိုအရ ဘင်လာဒင်ဟာ အမေရိကန်အစိုးရကို ဆန့်ကျင်နိုင်စွမ်းတဲ့သူရဲကောင်းဖြစ်တယ် ၊ သူဟာ ကမ္ဘာမှာအမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို သူ့နည်းသူ့ဟန် သူ့ပိုက်ဆံနဲ့ တော်လှန်နေတာဖြစ်ပြီး သူ့ကို အမေရိကန်အစိုးရက အထူးအလေးထားရတဲ့သူဖြစ်သည်အထိ အမေရိကန်တို့ကို ခြိမ်းခြောက်နိုင်ခဲ့တယ် ၊ဒါကြောင့်သူသေဆုံးသွားတာဟာ အမေရိကန်တို့အတွက်အောင်ပွဲ ဖြစ်နေပေမဲ့ ဗိုလ်ကျစိုးမိုးမှုကို မလိုလားဘဲ ကမ္ဘာကြီးမှာတရားမျှတမှုကိုလိုချင်သူတွေအတွက်တော့ သူရဲကောင်းတစ်ယောက် ကျဆုံးသွားတာဖြစ်တယ် အမေရိကန်တွေဝဋ်လည်တဲ့နေ့ မကြာခင်ရောက်လာရလိမ့်မယ် အစရှိသည်ဖြင့် ပြောဆိုခဲ့ကြပါတယ် ။

အဆိုးအကောင်း၊အကျိုးအကြောင်းအမှားအမှန် စဉ်းစားဆင်ခြင် သုံးသပ်နိုင်ပါရန်တင်ပြအပ်ပါသည်။

Voice Of Myanmar