xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: " ခင်ဗျားနောက်တစ်ခေါက်လာရင် ကျွန်တော့်ကို ဒီယူနီ ဖေါင်းနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး" ဟု ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး ပြောဆိုခဲ့

Saturday, May 28, 2011

" ခင်ဗျားနောက်တစ်ခေါက်လာရင် ကျွန်တော့်ကို ဒီယူနီ ဖေါင်းနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး" ဟု ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး ပြောဆိုခဲ့

တာဝန်အသီးသီးမှ အနားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


" ခင်ဗျားနောက်တစ်ခေါက်လာရင် ကျွန်တော့်ကိုဒီယူနီဖေါင်းနဲ့ တွေ့ရတော့မှာမဟုတ်ဘူး" ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သည့် ခရီးစဉ်တွင် ဗိုလ်ချူပ်မှူး ကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး က ထိုသို့ပြောကြားခဲ့တာဖြစ်ကြောင်း ၊ ထိုသို့ပြောကြားစဉ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar)လည်း အနားမှာရှိနေကြောင်း ၊ ပြည်ခိုင်ဖြိုး ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် ပေါ်ပြူလာ နယူးစ် မှာ ဖေါ်ပြထားပါတယ် ။
" အဲဒီတုန်းက သူနောက်ပြောင်ပြီး ပြောနေတယ်လို့ ကျွန်တော်ထင်နေခဲ့တာ ခုတစ်ခေါက်လာတော့ သူပြောတာတွေ တကယ် ဖြစ်လာခဲ့တယ် "  လို့ မစ္စတာ နမ်ဘီးယားက ယခု မေလ ခရီးစဉ်တွင် မိမိအား ပြောကြားခဲ့ကြောင်း ဦးဌေးဦးက ပြောကြား ခဲ့ကြောင်း သိရပါသည် ။
ပြည်ခိုင်ဖြိုး ပါတီ၏ နာယကကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နာယကကြီး အဖြစ်မှ အမှန်တကယ် အနားယူသွားပြီဖြစ်ကြောင်း ရာထူးအနေနဲ့ရော တာဝန်အနေနဲ့ပါ တကယ့်ကို အနားယူသွားပြီဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည် ။

ပြည်တွင်းအတိုက်အခံများနဲ့ ပြည်ပမီဒီယာအသီးသီးတို့က ဗိုလ်ချုပ်မှူးကြီးဟာ တာဝန်က အနားယူမှာမ ဟုတ်တဲ့ အကြောင်း ၊  နောက်ကွယ်ကနေ ကြိုးကိုင်နေဦးမှာဖြစ်ကြောင်း ၊ နိုင်ငံဥသျှောင် အဖွဲ့ဆိုတာ ဖွဲ့ပြီး အာဏာကို ချုပ်ကိုင်ထားမှာဖြစ်ကြောင်း ၊ စစ်ဘက်ရာထူးကိုစွန့်လွှတ်မှာ မဟုတ်တဲ့အကြောင်း အစရှိသဖြင့် အမျိုးမျိုး ပြောဆို ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ယခုအခါ တာဝန်အသီးသီးမှ လုံးဝ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ် ။

Voice Of myanmar