xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မင်းသားခေါင်းဆောင်းထားသောဘီလူးများ နှင့် အိုင်ဗရီကို့စ် နိုင်ငံ၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ

Thursday, May 26, 2011

မင်းသားခေါင်းဆောင်းထားသောဘီလူးများ နှင့် အိုင်ဗရီကို့စ် နိုင်ငံ၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ

 
အိုင်ဗရီကို့နိုင်ငံမှာ သမ္မတဟောင်း လောရင့်ဂက်ဘိုနဲ့ အခု သမ္မတ တို့ကြား ရွေးကောက်ပွဲအပြီး ကာလ အပြင်းအထန်ပြိုင်ဆိုင်ကြ ကာလအတွင်းမှာ ကုလသမဂ္ဂအမည်ခံ ပြင်သစ်တပ်တွေဟာ အတိုက်အခံတွေ ဘက်က ပြောင်ကျကျ ပါဝင်ခဲ့ပြီး နောက်ဆုံးသမ္မတ ဟောင်း လော့ရင့်ဂက်ဘိုကို သမ္မတ အိမ်တော်ထဲမှာဝင်ဖမ်းတဲ့အထိ ပါဝင် ပတ်သက်ခဲ့ပါတယ် ။ ဒီလိုလုပ်ဆောင်နိုင်အောင်လဲ အမေရိကန်နဲ့ ကုလသမဂ္ဂ က တဖက်သတ်ထောက်ခံခဲ့ကြပါတယ် ။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်သစ်တပ်တွေ အိုင်ဗရီကို့မှာ အင်အား တိုးချထားဘို့ ခွင့်ပြုခဲ့သလို ကုလ အမည်ခံပြင်သစ်တပ်တွေက သမ္မတ အိမ်တော်ကို စစ်ရဟတ်ယာဉ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တာကို ထောက်ခံကြောင်း တရားဝင် ကြေငြာခဲ့ပါတယ် ။

ဒါ့အပြင် အတိုက်ခံ ပြည်သူတွေ ၊ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင် အချို့ကို အင်အားကြီးမားတဲ့ တပ်ကြီးဖြစ်လာအောင် နောက်ကွယ်ကနေ လက်နက် တပ်ဆင်ပေးပြီး အင်အားကြီးထွားလာအောင်လုပ်ကာ အိမ်ကြက်ချင်း ခွပ်ခိုင်းခဲ့ပါတယ် ၊ နောက်ဆုံးမှာတော့ အမေရိကန် နဲ့ နေတိုးစစ်အုပ်စုက ထောက်ခံတဲ့  အတိုက်အခံ ခေါင်းဆောင် အလက်ဆန်းဝါတရာ Alassane Ouattara အနိုင်ရပြီး တဲ့အခါမှပဲ ကျေနပ်သွားကြပါတော့တယ် ။


အိုင်ဗရီကို့နိုင်ငံမှာ သမ္မတဟောင်း လောရင့်ဂက်ဘိုနဲ့ အတိုက်အခံ အလက်ဆန်းဝါတရာ (အခု သမ္မတ ဖြစ်လာသူ) တို့ကြား ရွေးကောက်ပွဲအပြီး ကာလ အပြင်းအထန်ပြိုင်ဆိုင်ကြ စဉ်ကာလက အိုင်ဗရီကို့စ်ကပေးတဲ့သင်ခန်းစာ ဆောင်းပါးမှာ Voice Of Myanmar ရဲ့ စစ်ရေးနိုင်ငံရေးသုံးသပ်သူဦးကိုကိုအောင်က " ဒီလိုဖြစ်လာတာတွေရဲ့ တရားခံက ဘယ်သူလဲလို့တော့မပြောချင်ပါဘူး..ဖြစ်ပုံ ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ထဲက အိုင်ဗရီကို့စ် မှာ ရွေးကောက်ပွဲလုပ်တယ် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က လက်ရှိသမ္မတ အနိုင်ရကြောင်းကြေငြာတယ် ဒါကိုနိုင်ငံတကာ အမည်ခံ အနောက်အုပ်စုက ရွေးကောက်ပွဲဟာ မတရားဘူး ဒါကြောင့် အနိုင်ရသူဟာ အတိုက်ခံ အလက်ဆန်းဝါတရာ Alassane Ouattara ပဲဖြစ်သင့်တယ် သူ့ကိုထောက်ခံတယ် အသိအမှတ်ပြုတယ်ဆိုပြီး ကြေငြာတယ် ၊ဒါနဲ့ပဲ ၀ါတရာဟာ အနောက်အုပ်စု သတင်းမီဒီယာတွေမှာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ ဆိုပြီးဖြစ်လာတယ် ပြီးတော့ နဂိုထဲက ကြိုတင်ရောက်နေတဲ့ ကုလငြိမ်းချမ်းရေးတပ် ဆိုတာတွေက အနောက်အုပ်စု အသိမှတ်ပြု သမ္မတ ဆိုတာကို လုံခြုံရေးပေးထားလိုက်တယ် ...ခုဆိုရင် ဒီအတိုက်အခံ သမ္မတ ရဲ့တပ်တွေက နိုင်ငံရဲ့ နေရာတော်တော်များများကို ထိန်းချုပ်ထားတာ တွေ့ရတယ် ဒီနေရာမှာစဉ်းစားရမှာက ဒီအတိုက်အခံရဲ့တပ်တွေက အစိုးရတပ်တွေကိုလွှမ်းမိုးပြီး ဒီလောက်ထိန်းချုပ်လာနိုင်တယ်ဆိုတာ တစ်စုံတစ်ရာရဲ့ အထောက်အပံ့မပါပဲ ဖြစ်ကို မဖြစ်နိုင်ပါဘူး နဂိုထဲက ဒီလောက်အင်အားကြီးတဲ့ တပ်ကြီးကို အတိုက်အခံက ပိုင်နေတယ်ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင် ပါဘူး သူတို့ကိုင်နေတဲ့ လက်နက်တွေ အသုံးအဆောင်တွေ ဒီလောက်ကြီးမားတဲ့စစ် အသုံးစရိတ်တွေ ဘယ်ကရသလဲ ဆိုတာတွေ မှာ အဖြေရှိပါတယ်  "လို့ သုံးသပ်ပြောကြားခဲ့တာကို စာဖတ်ပရိတ်သတ်များ မှတ်မိနေကြလိမ့်ဦးမယ်လို့ထင်ပါတယ် ။

ခု အဖြေထွက်ပါလာပါပြီ ဒီအောက်က ပုံတွေကိုကြည့်ပါ -

စနေနေ့ (၂၁.၅.၁၁)နေ့က ကျင်းပတဲ့ အိုင်ဗရီကို့စ် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာတွေ့ရတဲ့ ကုလ အတွင်းရေးမှူးချုပ်ကြီးပါ...သူ့အရင်ကျင်းပခဲ့တဲ့ မြန်မာသမ္မတ သစ်ကိုတော့ သတိနဲ့စောင့်ကြည့်မယ်လို့ ကြေညာချက်ထုတ်ထားပါတယ်


ဒါကတော့ သမ္မတဟောင်းအိမ်ကို ၀င်စီးခဲ့ဘို့  ပြင်သစ်တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့တဲ့ ပြင်သစ် သမ္မတနဲ့
အိုင်ဗရီကို့စ်က အတိုက်ခံ(ခုသမ္မတဖြစ်လာသူ)တို့ အောင်ပွဲခံနေတာပါ


ဒီပြင်သစ်သမ္မတက အိုင်ဗရီကို့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂုဏ်ပြုစကားတက်ရောက် ပြောကြားခဲ့ပါတယ် နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတကျမ်းသစ္စာဆိုတာကို တခြားနိုင်ငံက သမ္မတကလာပြီး မိန့်ခွန်းပြောတယ်ဆိုတာမျိုးက ထူးခြားမှုပါ


ဒါကတော့ ကုလအတွင်းရေးမှူးချုပ်ကြီးနဲ့ နိုက်ဂျီးရီးယား သမ္မတ သစ်ပါ 
နိုက်ဂျီးရီးယားမှာလဲ ခရစ်ယန်ဘာသာကိုးကွယ်တဲ့ ဒီသမ္မတ သူ့အလိုလိုနိုင်သွားလို့ပါ သူသာမနိုင်ရင် အိုင်ဗရီကို့စ်လို မျိုး ဖြစ်မှာအသေအချာပါဘဲ


သူတို့ထောက်ခံသူလဲတက်လာရော ..ရက်ပိုင်းလေးမှာပဲ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ ကလည်း လူ့အခွင့်အရေးတွေတိုးတက်လာပြီ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီ အစရှိသဖြင့် ကြေညာချက်တွေ ထုတ်ပါတယ် ၊ အီးယူကလည်း ပိတ်ဆို့ထားတဲ့ စီးပွားရေးတွေ ကိုပြန်ဖွင့်ပေးလိုက်ပါတယ် ။ ပိတ်ဆို့ထားတဲ့ ဘဏ်လုပ်ငန်းတွေကို ပြန်ဖွင့်ပေးလိုက်ပါပြီ ၊  သမ္မတ သစ်ဟာ ဘာမှကို တိုင်းပြည်ကိုလုပ်မပေးရသေးပါဘူး ခုမှ အစိုးရသစ်ဖွဲ့ပြီး ကျမ်းသစ္စာ ကျိန်ဆိုတုန်းပါ ၊ ဆိုလိုတာကတော့ အနောက်အုပ်စုနဲ့ ကုလသမဂ္ဂဟာ သူတို့လိုလားသူတက်ရင် ဘာမှမလုပ်ရသေးတာတောင် ပိတ်ဆို့ထားတာတွေဖွင့်မယ် ၊ မလိုလားသူအုပ်ချုပ်နေရင် ဘယ်လောက်ကောင်းအောင် လုပ်လုပ်ပိတ်ဆို့ ထားမယ်ဆိုတာ ဒီမှာလာပြီးပေါ်နေပါတယ်။

အကျိုးအကြောင်း အဆိုးအကောင်း စဉ်းစားဆင်ခြင်သုံးသပ်နိုင်ပါရန် စုစည်းတင်ပြအပ်ပါသည် ။

Voice Of Myanmar