xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်သေဆုံးမှု ရုရှားသမ္မတ သံသယရှိဟန်တူ

Saturday, May 28, 2011

ဘင်လာဒင်သေဆုံးမှု ရုရှားသမ္မတ သံသယရှိဟန်တူ


 ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်အနေဖြင့် မေလ ၁၈ ရက် တွင် ယခုလအတွင်းက ပါကစ္စတန်တွင် အယ်လ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် အထူးတပ်ဖွဲ့က သတ်ဖြတ်သော ကြောင့် သေဆုံးခဲ့သည်ဆိုခြင်းနှင့် ပတ်သက်သည့် ၀ါရှင်တန်၏ ပြော ကြားချက်အား သံသယဖြစ်နေသည်ဟု ယူဆဖွယ်ရှိသည်။

အစိုးရပိုင် ချန်နယ်ဝမ်း ရုပ်သံအစီအစဉ်မှ သတင်းထောက်တစ်ဦးအား မက်ဗီဒက်ဗ်က ၎င်းတို့၏ယမန်နေ့က ပြုလုပ်သော လူတွေ့မေးမြန်းခန်း တစ်ခု၌ စီအိုင်အေ အေးဂျင့်ဖြစ်ခဲ့ဖူးသည် ဟုဆိုသော တူရကီနိုင်ငံသား တစ်ဦးနှင့် တွေ့ဆုံခန်းအကြောင်းကို မေးမြန်းခဲ့သည်။

အဆိုပါ တူရကီနိုင်ငံသားက ဘင်လာဒင်သည် ၂၀၀၆ခုနှစ်တွင် သဘာဝ အတိုင်းဖြစ်ပေါ်သည့် ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် ရေတပ်၏ SEAL အထူးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်း ဖက်မှု ဉာဏ်ကြီးရှင် ဘင်လာဒင်၏သင်္ချိုင်း ကိုတွေ့ရှိပြီးဖွင့်လှစ်နိုင်ခဲ့ခြင်း မျှသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့ အင်တာနက်မှာ ခင်ဗျား တခြားနိုင်ငံသားတစ်ဦးနဲ့ အင်တာဗျူး ကလေးတစ်ခုလုပ်တာ တွေ့လိုက်ပါ တယ်။ အဲဒီလူက ဘင်လာဒင်နဲ့ ပတ်သက်ပြီး တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတစ်ခု ကို ပြောသွားပါတယ်။ သူပြောတဲ့အတိုင်း အမှန်ပဲလား"ဟု မက်ဗီဒက်ဗ် က ခပ်တည်တည်ဖြင့် မေးမြန်းခဲ့သည်။ "သူ့အဆိုအရပြောရရင်တော့ ဟုတ် တယ်လို့ဆိုရမှာပေါ့ဗျာ"ဟု အဆိုပါ ရုပ်သံအစီအစဉ်မှ သတင်းထောက်က ပြန်ပြောခဲ့သည်။

"ဒီအတိုင်းသာဆိုရင် ဒီသတင်းနဲ့ ပတ်သက်ပြီး အမေရိကန်တွေ တော်တော် ဂရုစိုက်ပြီး နားစွင့်ကြပါ လိမ့်မယ်"ဟု မက်ဗီဒက်ဗ်က မှတ်ချက်ချလိုက်သည်။ထို့နောက်တွင် အဆိုပါသတင်းထောက်ကတခြား အဆက်အစပ်မရှိသော ပြဿနာတစ်ခုကို မက်ဗီဒက်ဗ်အား ဆက်လက် မေးမြန်းလိုက်ပြီး အထက်ဖော်ပြပါ အဖြစ်အပျက် အကြောင်းကို ရုရှားအစိုးရပိုင် တခြား မီဒီယာများကလည်း ဆက်လက် ဖော်ပြခြင်း မပြုခဲ့ကြပေ။
 
ဘင်လာဒင်အား သတ်ဖြတ်နိုင်ခဲ့ ခြင်းနှင့်ပတ်သက်၍ အမေရိကန်ပြည် ထောင်စုအား ၀မ်းမြောက်ချီးကျူးပြော ကြားရာတွင်လည်း မက်ဗီဒက်ဗ်အနေ ဖြင့် တာဝန်အရ လုပ်ရိုးလုပ်စဉ်ပုံစံဖြင့် သာပြုလုပ်ပြီး မေလ ၁ ရက်နေ့တွင် ဘင်လာဒင် သေဆုံးပြီဖြစ်ကြောင်း တရားဝင်ကြေညာပြီးနောက် နာရီ ပေါင်းများစွာ ကြာပြီးနောက်မှသာ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သို့သော် ရုရှားနိုင်ငံ၏ နိုင်ငံပိုင် မီဒီယာက ဘင်လာဒင်အား မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြော ကြားမှုများ တွင် ထွက်ပေါ်ခဲ့သော ဟာကွက်များ နှင့်ပတ်သက်၍မူ မေးခွန်းထုတ်ခဲ့သည်။
 
Credit : Myanmar Time
AFP