xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတ ဦးသိန်းစိန် တရုတ်ချစ်ကြည်ရေးခရီးစတင်

Thursday, May 26, 2011

သမ္မတ ဦးသိန်းစိန် တရုတ်ချစ်ကြည်ရေးခရီးစတင်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဟူကျင်တောင်၏ ဖိတ်ကြားချက်အရ   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာချစ်ကြည်ရေး ခရီးစဉ်ကို ဒီနေ့မှာစတင် လိုက်ကြောင်းသတင်းရရှိပါတယ် ။ ခရီးစဉ်ဟာ  နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာလာစေရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်းလည်းသိရပါတယ် ။

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာသွားရာ ဒုသမ္မတများဖြစ်ကြတဲ့ ဦးတင်အောင်မြင့်ဦး ၊ ဒေါက်တာစိုင်းမောက်ခမ်း နဲ့ တာဝန်ရှိသူများက လိုက်ပါပို့ ဆောင်ခဲ့ပြီး သမ္မတကြီးနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အပြင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများပါ လိုက်ပါသွားကြောင်းလည်း သတင်းရရှိပါတယ် ။


သမ္မတ ဦးသိန်းစိန်ဟာ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao)၊ တရုတ်ဝန်ကြီးချုပ် ၀မ်ဂျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံဖို့ ရှိတဲ့အပြင် နှစ်ဘက်ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြမယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်းယု (Jiang Yu) ၏ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနမှာဖေါ်ပြထားပါတယ်။ 
လွန်ခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံခန့်ရှိပြီး ဒါဟာ  အရင်တနှစ်က ထက်စာရင် ၅၃ % တိုးတက်လာတာဖြစ်ကြောင်း အခုနှစ်မှာ ပိုမိုတိုးတက်လာမယ်လို့ စာရင်းဇယားများက ဖေါ်ပြနေကြောင်း တရုတ်ဘက်က ကိန်းဂဏန်းတွေကို အခြေခံပြီး ဆင်ဟွာက ဖေါ်ပြထားကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar