xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်အတွက် တာလီဘန်တို့ လက်စားချေကြပြန် အမေရိကန်ကောင်စစ်ဝန်ကား ၂ စီးအားဗုံးခွဲတိုက်ခိုက်

Saturday, May 21, 2011

ဘင်လာဒင်အတွက် တာလီဘန်တို့ လက်စားချေကြပြန် အမေရိကန်ကောင်စစ်ဝန်ကား ၂ စီးအားဗုံးခွဲတိုက်ခိုက်


ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့၌ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကား၂ စီးကို လမ်းဘေးထောင် ဗုံးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး အမေရိကန်လူမျိုး ၂ ဦးအပါအ၀င် ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ် ။

ပါကစ္စတန်ရှိ တာလီဘန်တို့ကတော့ အခုတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အမေရိကန်နဲ့ နေတိုးပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ် ။

ဒေသအာဏာပိုင်များ၏ ပြောဆိုချက်အရ ပါကစ္စတန်လူမျိုး ယာဉ်မောင်း မောင်းနှင်လာတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကားနှစ်စိးကို လမ်းဘေးထောင်ဗုံးဖြင့်တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး မော်တော်ယာဉ်တစ်စီးပျက်စီးကာ ဘေးမှ ဆိုင်ကယ်စီးလာသူ ပါကစ္စတန်လူမျိုး တစ်ဦးသေဆုံး သွားကြောင်း ၁၀ဦးထက်မနည်း ဒဏ်ရာ၇ရှိကြောင်း အတည်ပြုပြောဆိုပါတယ် ။



ခုလိုဗုံးပေါက်ကွဲခဲ့တာကို အူရဒူဘာသာနဲ့ထုတ်လွှင့်တဲ့ Dunyia တီဗီမှာ ထုတ်လွှင့်ပြသခဲ့ကြောင်း သတင်းရရှိပါတယ် ။


Voice Of Myanmar