xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်နေရာဆက်ခံမည့် ခေါင်းဆောင်သစ်ထွက်ပေါ်

Wednesday, May 18, 2011

ဘင်လာဒင်နေရာဆက်ခံမည့် ခေါင်းဆောင်သစ်ထွက်ပေါ်

 အယ်လ်ခိုက်ဒါခေါင်းဆောင်သစ် Saif Al-Adel
 
အယ်လ်ခိုက်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်သေဆုံးပြီးနောက် အဖွဲ့ကို ဆက်လက်ဦးဆောင်ရန် အတွက် ခေါင်းဆောင်သစ် တစ်ဦးကိုရွေးချယ်လိုက်ကြောင်း သတင်းရရှိပါတယ် ။အီဂျစ်နိုင်ငံသား Saif al-Adel ကို အဖွဲ့ရဲ့ခေါင်းဆောင်သစ်အဖြစ် အယ်လ်ခိုက်ဒါအဖွဲ့က ရွေးချယ်ခဲ့ကြောင်း သူဟာ အီဂျစ်အထူးကွန်မန်ဒို တပ်ဖွဲ့ အရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း CNN ရုပ်သံကကြေငြာသွားပါတယ်။

အိုစမာဘင်လာဒင်သေဆုံးပြီးနောက် အဖွဲ့ရဲ့ ဦးဆောင်မှုပျောက်နေတာဖြစ်တဲ့အတွက် ခုလိုရွေးချယ်ခဲ့ တာဖြစ်ပြီး သူဟာ အယ်လ်ခိုက်ဒါအဖွဲမှာ မဟာဗျူဟာ ချမှတ်သူအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ကြောင်းလဲသိရပါတယ်။


အယ်လ်ခိုက်ဒါ အဖွဲ့အနေနဲ့ ၄င်းတို့၏ခေါင်းဆောင် အိုစမာဘင်လာဒင်သေဆုံး ခြင်းအတွက် လက်စားချေ တိုက်ခိုက်မှုတွေဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းကြေငြာပြီး မကြာခင်မှာဘဲ ခုလိုခေါင်းဆောင်သစ် တစ်ဦးရွေးချယ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ် ။ဒီသတင်းနဲ့ ပတ်သက်လို့ အယ်လ်ခိုက်ဒါအဖွဲ့ကတော့ တစ်စုံတရာ တုန့်ပြန်ပြောဆိုမှုမရှိသေးကြောင်း သတင်းရရှိပါတယ်။

Voice Of Myanmar