xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်လာဒင်ရဲ့အိမ်နှင့် သူ့ကြောင့်ဝမ်းနည်းနေကြသူများ

Thursday, May 5, 2011

ဘင်လာဒင်ရဲ့အိမ်နှင့် သူ့ကြောင့်ဝမ်းနည်းနေကြသူများ

ခုအချိန်မှာ ပေါ်ပြူလာအဖြစ်ဆုံးသတင်းမှာ အယ်လ်ခိုက်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် အထူးတပ်ဖွဲ့ ၀င်များမှ ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး အသေဖမ်းဆီးရမိသည့် သတင်းဖြစ်ပါသည် ။ ဤနေရာတွင် တင်ပြလိုသည်မှာ ထိုသတင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရတာဝန်ရှိသူ တစ်ဦးမှ ဖြစ်စဉ်အားရှင်းလင်းပြောကြားရာတွင် ၄င်းတို့၏လုပ်ဆောင်ချက်ကို ဇာတ်နာအောင် အပိုတွေအများကြီး ထည့်ပြောသွားတာတွေ့ရပါတယ် ။

ဥပမာ အားဖြင့် အိုစမာဘင်လာဒင်၏ အိမ်အနေအထားကို သရုပ်ဖေါ်ပြောကြားရာတွင် အိုစမာဘင်လာဒင်သည် ပါကစ္စတန် အဘူဒါဘတ်မြို့ အနီးရှိ ဒေါ်လာသန်းများစွာတန်သော စံအိမ်ကြီးတစ်ခုမှာ နေတာဖြစ်ကြောင်း ၊ သူဟာ အင်ဂျင်နီယာ တစ်ဦးဖြစ်တာကြောင့် လုံခြုံရေးအရ အထူးစီမံထားကြောင်း ၊ ခြံစည်းရိုးမှာလည်း အလွန်မြင့်မားပြီး သံဆူးကြိုးများဖြင့် စံနစ်တကျ စီမံထားတာဖြစ်ကြောင်း ၊ လုံခြုံရေး စစ်ဆေးရန် ၂ဆင့် ပြုလုပ်ထားတာဖြစ်ကြောင်း ၊ လုံခြုံရေးအစောင့်အရှောက်များလည်း အထူးစီမံထားတာဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။

ဒီလိုကြားတဲ့အခါ ကမ္ဘာကျော် လက်နက်ကိုင်အဖွဲ့ကြီးကို တည်ထောင်ဦးဆောင်နေသူဆိုတော့ ရုပ်ရှင်တွေထဲမှာလို ဟုတ်မှာပါပဲလေလို့ ထင်မိပါတယ် ၊ တနေ့ကတော့ ဒီအိမ်အနီးကို သတင်းထောက်တွေ ရောက်ရှိသွားပြီး သတင်းဓါတ်ပုံတွေတက်လာပါတယ် ဒီတော့မှပဲ အမှန်ကိုသိရပါတော့တယ် ။အောက်ကပုံတွေကိုကြည့်ပါ။

ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စံအိမ် လို့ဆိုတဲ့အိမ်ပါ


အလွန်မြင့်မားပြီး သံဆူးကြိုးတွေနဲ့ အထူးစီမံထားတယ်ဆိုတဲ့ ဘင်လာဒင်ရဲ့ ခြံစည်းရိုးပါ


အထူးစီမံထားတဲ့ ၀င်ပေါက်နဲ့ လုံခြုံရေး အဆောက်အဦး ဆိုတဲ့နေရာပါ


ဘင်လာဒင်ဟာ အင်ဂျင်နီယာတစ်ဦးဖြစ်တာကြောင့် လုံခြုံရေးကို အင်ဂျင်နီယာ အမြင်နဲ့ လုပ်ထားတယ်ဆိုတဲ့ အတွင်းပိုင်းနေရာတစ်နေရာပါ ။


ကိုင်းမခက်ပေဘူးလားဗျာ...ဒီလူတွေဟာလိုရင်လိုသလို မလိုရင်မလိုသလို စကားကို အမျိုးမျိုးပြောနေတဲ့ သူတွေဆိုတာ ရှင်းမနေဘူးလားဗျာ..ဂျပိုးကိုလိပ် လိပ်ကိုဂျပိုးပြောနေပြီဆိုမှတော့ အမှားကိုအမှန် အမှန်ကို အမှားပြောဘို့ ၀န်လေးသူများ မဟုတ်ကြဘူးဆိုတာ ပေါ်လွင်လာပါတယ် ။

အိုစမာဘင်လာဒင်သေဆုံးသွားလို့ လူတွေအားလုံး ပျော်ရွှင် နေကြ မယ်လို့ထင်ပါသလား...အောက်က ဓါတ်ပုံကိုကြည့်ပါ ပါကစ္စတန် နိုင်ငံ ကရာချိမြို့မှာ ဘင်လာဒင်အတွက် ၀မ်းနည်း ပူဆွေးစွာ ဆုတောင်းပေးနေတဲ့ သူတွေပါ..



ဒီထဲကတစ်ယောက်ပြောတာက " အိုစမာဘင်လာဒင်ဟာ အနောက်တိုင်းမီဒီယာတွေက အကြမ်းဘက်သမားအဖြစ် ပုံဖေါ်ထားလို့ သူ့ကို အကြမ်းဘက်သမားလို့ အများကသိနေကြပေမယ့်  တကယ်တော့ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို သူ့နည်းသူ့ဟန်နဲ့ တော်လှန်နေတဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ပါ သူဟာ သာမန် အစိုးရတစ်ရပ်ကမလုပ်နိုင်တာတွေကိုတောင် စွမ်းဆောင်နိုင်ပြီး အမေရိကန် လိုအစိုးရမျိုးကို ကောင်းကောင်း ခြိမ်းခြောက်ထားနိုင်တဲ့သူတစ်ယောက်ပါ ခုသူမရှိတော့ဘူးဆိုတော့ အမေရိကန်အစိုးရ ကအရင်ကထက်ပိုပြီး အတင့်ရဲလာ မှာအသေအချာပါဘဲ " ဟု ပြောကြားသွားခဲ့ပါသည်။

တစ်ချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ အစ္စလမ်ဘာသာကိုးကွယ်သူများ တပ်ဦးလို့အမည်ရတဲ့ ဘာသာရေးအဖွဲ့ကသေဆုံးသူ အိုစမာဘင်လာဒင်အတွက် ညနေပိုင်း ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပြီး ဒီလိုလုပ်တာကို အင်ဒိုနီးရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အစ္စလမ် ဘာသာရေးအဖွဲ့က ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ် ။ ထိုအဖွဲ့ဟာ အမေရိကန်ကျဆုံးပါစေ ၊ အိုဘားမား ကျဆုံးပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ် ၊ အိုစမာဘင်လာဒင်ဟာ အမေရိကန်ကိုမားမားမတ်မတ် ဆန့်ကျင်ရင်း သေဆုံးသွားတာမို့ သူ့ကိုချီးကျုးတဲ့အကြောင်း  အဲဒီအဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်သူ အာမက်ရှီဝါရီလူဘစ် ကပြောဆိုခဲ့ပါတယ် ၊ အဲဒီဆန္ဒပြပွဲနဲ့ ၀တ်ပြုဆုတောင်းပွဲကို ထောင်နဲ့ချီတဲ့ လူထုပါဝင်ဆင်နွဲခဲ့ပါတယ် ။

အကျိုးအကြောင်း အဆိုးအကောင်း အမှားအမှန် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ပါရန် တင်ပြအပ်ပါသည်။
Voice Of Myanmar