xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်းနိုင်ငံ တွင် ရှပ်နီများဆန္ဒပြ

Thursday, May 19, 2011

ထိုင်းနိုင်ငံ တွင် ရှပ်နီများဆန္ဒပြ



 ထိုင်းနိုင်ငံမှာ ရှေ့လာမယ့် ဇူလိုင်လ ၃ ရက်နေ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီတွေ စတင် မှတ်ပုံတင်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံရေးအရ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ နှစ်ပတ်လည်နေ့အဖြစ်  ထောင်နဲ့ချီတဲ့ ရှပ်နီဝတ် များဟာဒီကနေ့မှာ  ဆန္ဒပြခဲ့ ကြကြောင်းသတင်းရရှိပါတယ်။

ဆန္ဒပြသူများဟာ ရာထူးမှဖယ်ရှားခြင်းခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ပုံပါတဲ့ ဦးထုတ်တွေကို ၀တ်ဆင်ပြီးဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ် ။ (ပုံ)


ပြီးခဲ့တဲ့နှစ် မေလ ၁၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲ နှိမ်နင်းတာတွေ မလုပ်ခင် ၂ လကျော်လောက် သိမ်းပိုက်ထားတဲ့ မြို့တော် ဘန်ကောက်ရဲ့ အချက်အချာ နေရာမှာ အင်္ကျီနီဝတ် ဆန္ဒပြသူတွေ ပြန်လည် စုဝေးခဲ့ကြတာဖြစ်ပြီး အဲဒီ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူပေါင်း ၉၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီပြီးဒဏ်ရာတွေ ရခဲ့ကြပါတယ်။

 
ဆန္ဒပြသူ အများအပြားဟာဆိုရင် ဒီကနေ့ အစောပိုင်းမှာ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီပေါင်း ၂၆ ခုထဲက တစ်ခုဖြစ်တဲ့ ပွေထိုင်း (Puea Thai) ပါတီကို ထောက်ခံကြသူတွေဖြစ်ပြီး ခုလာမယ့် ရွေးကောက်ပွဲမှာတော့ ပွေထိုင်းပါတီနဲ့ အာဏာရ ဒီမိုကရက် ပါတီတို့ကြား အဓိက ယှဉ်ပြိုင်သွားကြရလိမ့်မယ်လို့လည်း အများကယုံကြည်နေကြပါတယ်။
 
ယင်လပ်ခ် ရှင်နာဝပ်
လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ အဓိက ယှဉ်ပြိုင်ဘက် အဖြစ်နဲ့ကတော့ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ပွေထိုင်းပါတီ ကိုယ်စားလှယ် ယင်လပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဖြစ်ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar