xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မစ္စတာဗီဂျေးနမ်ဘီးယား မြန်မာနိုင်ငံသို့လာရောက်မည်

Tuesday, May 10, 2011

မစ္စတာဗီဂျေးနမ်ဘီးယား မြန်မာနိုင်ငံသို့လာရောက်မည်


 မစ္စတာဗီဂျေးနမ်ဗီးယား
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  အကြံပေးပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်ဘို့ မြန်မာအစိုးသစ်က ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။ 
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအပြင် ဒေါ်စုကြည်အပါဝင် တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေး ပါတီများနဲ့ပါ တွေ့ဆုံဘို့ရှိတယ်လို့သတင်းများအရသိရပါတယ်။



မြန်မာအစိုးရအဆက်ဆက်ကိုတင်းတင်းမာမာဆက်ဆံခဲ့သော်လည်း
 
မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ၂၀၁၀ ပြည့်နှစ်  နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ် တပ်မတော်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော အဲဒီအချိန်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစ ဒေါ်စုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

 ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။
Voice Of Myanmar